Thursday 11 April 2013

“မုသားမပါတဲ့ ကဗျာတစ်ပုဒ်”

“မုသားမပါတဲ့ ကဗျာတစ်ပုဒ်”

အဆွေးပုံပြင်ဆိုတာ
မမက်သင့်တဲ့အိမ်မက်တခုဆိုပေမဲ့
    ငါ့ကတော့
အခုထိအိမ်မက် မက်မိနေတုန်းပဲ
အနမ်းက စတည်ဖြစ်ခဲ့တဲ့
ဒီအဆွေး  ဇာတ်လမ်းမှာ
    ငါသာမနမ်းမိခဲ့ရင်
အခုဆို နင့်ကိုလွမ်းမိမှာ မဟုတ်ဘူး
ငါကိုတိုင်မမြင်နိုင်ခဲ့တဲ့ နင့် ရဲ့စိတ်အစဉ်မှာ
အကြိမ်တစ်ရာမက ပြောခဲ့ဘူးတယ်ဆိုတဲံ့
ချစ်တယ်ဆိုတဲ့ နင့် စကား
အလိမ်အညာတွေပဲလားဆိုတာ
    မသိပေမဲ့
ငါရင်ခုန်သွားခဲ့မိတာတော့အမှန်ပဲ..
 ချစ်တယ်......ဖြူဖွေး..........။
ဖြူဖွေး ချစ်တယ်
  ဘာပဲဖြစ်ဖြစ်ချစ်တယ်
နင့်ကိုချစ်တာ
ပြစ်ပယ်ဖို့ မဟုတ်သလို
ချစ်တယ် ပြောလို့
နင် အပြစ်ဖို့ချင်ဖို့ပါ
အချစ်တွေ ပြယ်ရင်ပြယ်လိုက်ပါ
    ဒါပေမဲံ
နင်ပြောခဲ့ဘူးသလို့
ဒဏ်ရာတွေအလူးလူး
သေအံ့ မူးမူးနဲ့
   ရူးတဲ့အထိ
ငါ ဆက်ချစ်နေမိမှာအမှန်ပဲ..
                                 
                                      
   အောင်မင်းသူ(ရဝေ)မန်းမြေ

No comments:

Post a Comment