.# အွန်လိုင်းချစ်သူ@
ချစ်သူလေးရေ.......
တကယ်ဆို အချစ်ဦးမဟုတ်ပေမယ့်
အရူးအမူးပဲ ချစ်နေမိတယ်
အသံမကြားရ အပြုံးချိုတွေ
မမြင်ရပေမယ့်
အစကတည်းက.စကားပြောခွင့်ရရုံလေးနဲံ
ကျေနပ်နေတဲ့ သူပါ
နင် နဲ့ ငါ အရင်ဆုံ ဆုံဖြစ်ခဲ့ကြရင် အကောင်းသားနော်
အတိတ်ကောက်လွဲမိတဲ့
အက္ခရာပျက်တွေကို ဆုတ်ကိုင်ခဲ့မိတာ
ငါ ရင်နာတယ် ချစ်သူရေ...
တကယ် ချစ်မိတာပါ
အစားထိုးတယ်လို့ မယူဆနဲ့နော်
သတိရခြင်းတွေနဲ့ အတူ
gmail တွေပို့ရင်း..
ငါ ချစ်နေတဲ့ ချစ်သူလေး.
ထာဝရ ပျော်ရွင်ပါစနော် ........။
အချစ်တွေရှိနေလို့လဲ မဟုတ်ပါ
ငါ့ရင်ထဲ ကဗျာတွေ ရှင်သန်းနေတာပဲ
ငါတကယ် ပျော်ရွင်နေတတ်တာပါ
အောင်မင်းသူ(ရဝေ)မန်းမြေ
No comments:
Post a Comment