Friday 12 April 2013

နှင်းအလှ


  

နှင်းတွေတဖွဲဖွဲ ကြနေပြန်ပြီ......

 ဒီဇင်ဘာ မနက်ခင်း ရဲ့ လှပမှု့တစ်ချို့ ကို နှင်းပွင့်လေးတွေက အဖော်ပြုနေကြတယ်.......

အဲဒီအလှကို ပြတင်းပေါက်ကနေ တဆင့် ရဝေ ငေးကြည့်နေတဲ့အခိုက်တန့် ပေါ့

မထင်မှတ်ပါဘူး.......ပိုပြီးပြည့်စုံသွားအောင် ထီးဖြူလေးတစ်လက်ဆောင်ပြီး..

 ရဝေ ကြည့်နေတဲ့သဘာဝရဲ့အလှတရားကို ပိုပြီးပြည့်စုံသွားအောင် သူဖြည့်ဆည်ပေးခဲ့တယ်လေ.....။


 ကျေးဇူးပါပဲ မေနှင်းဖြူ.....ရေ........


 ရဝေ ရဲ့ အသိစိတ်ထဲက သူကို နာမည်ပေးပြီး တမ်းတလိုက်တယ်.........

 ရဝေ ရူးသွားတယ် မေနှင်းဖြူကြာင့်ပေါ့နော်.

ရဝေ တစ်ယောက်ထဲ နှင်းပွင့်လေး.တွေ ကွယ်ပျောက်သွားတဲ့အထိ ငေးကြည့်တုန်း ......

“ ဟေ့ကောင်......ဘာငေးနေတာတုန်း...”

ကိုဟိန်း တစ်ယောက် အတွေးတွေ လာဖြတ်သူ တစ်ယောက်ဖြစ်သွားတယ်

မင်းကလဲကွာ ရောက်တာတောင် မပြောဘူး ...........

ငါ့အတွေးတွေတောင် ကျက်ပျောက် ငှက်ပျောက် ပျောက်ကုန်ပြီ..........

ကိုဟိန်းကပြောသည် မင်းက ဘာတွေ စဉ်စားနေတာလဲ ဒီလောက်ဖြစ်နေတာ.......

မင်းတော့ရူးနေပြီ.. ဘယ်သူ့ ကြောင့်လည်း မှန်မှန် ပြောနော်

သူငယ်ချင်းအချင်းချင်း မညာကြေး...........

 အေးကွာ ငါ သဘာဝတရားရဲ့ အလှကို ခံစားနေတာ ပဲပြောပြီး.........

မေနှင်းဖြူ အကြောင်း ကိုခဏချက်လှပ်ထားခဲ့လိုက်သည်....

  မင်းက ဘာလဲ...

သဘာသတရားတွေတောင် ခံစားတတ်နေပြီပေါ့...........

 ဟုတ်တယ်ကွာ........

 ဒါဆိုသွားမယ်လေကွာ....

 တို့ တတွေ လက်ဖက်ရည်ဆိုင်ထိုင်ပြီး..........ဆက်ခံစားကြတာပေါ့

မင်း..က ဘာလို့  ရှိုင်းထက် ကို ၀င်မခေါ်လာတာလဲ.........ငါ ဟို ဘက် က လှည့်လာလို့ ပါကွာ

 ငါလည်း မင်းဆီ လမ်းကြုံလို့   ၀င်ခဲ့တာ

 ဒါဆို ရှိုင်းထက် ၀င်ခေါ်ပြီး......

.သွားကြမယ် အေးကွာ

 ကျွန်တော် တို့  သုံးယောက် ပါတီကျနေကျ လက်ဖက်ရည်ဆိုင်ကလေး.ကိုရောက်တော့.......

 အကို တို့  ဘာများ သုံးဆောင်ကြမလဲ အကို...........

 ငါ့ညီကလဲ ပုံမှန်မှာနေကြပဲပေါ့ကွာ မင်းက တစ်မျိုး.....ဟူး........ ဟုတ်

 ရှိုင်းထက် ငါ ကောင်မလေး.တစ်ယောက်ကို ချစ်နေမိပြီ..   “အယ်”

 ဟာ ဟေ့ကောင်.. ဘယ်က ကောင်မလေး.လဲ စုစုကျော်လား.......... ဆိုပြီး......

ကိုဟိန်းက ၀င်နောက်နေသည်.......

ဘယ်ကလာ.....နိုးပဲဟေ့ကောင်.

   ဒါဆို အိမွန် လား................. မင်းတို့  ပြောတဲ့ စုစုကျော် လဲ မဟုတ်ဘူး အိမွန် လဲ မဟုတ်ဘူး

ငါ့ချစ်နေမိတဲ့ ကောင်မလေးက မေနှင်းဖြူ ကွ

 မင်း ဘယ်တုန်ကတွေ့ လိုက်တာလဲ.. ဘယ်လောက်ကြာပြီလဲ.....ငါတို့ လည်းမသိလိုက်ပါလား

.. မလောပါနဲ့ ကွာ........... ငါပြောပြမှာပေါ့

 မနက် တုန်းက အဒီအခါကျမှ ကိုဟိန်းက ၀င်ပြောတော့သည်..........

.. ဒါ့ကြောင့်မို့   ဒီကောင် မနက်က ပြတင်းပေါက်မှာ ထိုင်ငေးနေတာကိုကွ......

ငါထင်တော့ထင်သာ................ တစ်ခုခုပဲလို့ .................။

 ပြောတော့ သဘာဝအလှတရားကိုခံစားနေတာ ဘာညာနဲ့ အခုတော့ အလိမ်ပေါ်ပြီ.......

မလိမ်ပါဘူးကွာ..ငါက တကယ်သဘာဝအလှကိုခံစားနေတုန်း ငါ့မြင်ကွင်းထဲ သူရောက်လာတာ..........

အရမ်းလှတယ်ဟ မေနှင်းဖြူ က........... ဒါနဲ့  နေပါဦး............

မင်းခုနက သူနာမည်ကို ပြောလိုက်ပါတယ်

ဘာတဲ့ မေမြင်းဖြူလား   ဘာလား.ပဲ ဟာကွာ မနောက်စမ်းပါနဲ့ ကွာ.......
.
. ၇ှိင်းထက်ရာ မေနှင်းဖြူပါကွ........ အဲဒါ သူ့ နာမည်လား........ငါတို့ သူငယ်ချင်းက

တယ်ပြီးစွန်နေပါလား.........နာမည်ဘယ်လိုလုပ်သိတာလဲ......... ပြောစမ်းပါဦး............. အဲဒါ

သူ့ နာမည်မဟုတ်ပါဘူးကွ ငါ့ဖာသာပေးထားတာ....... အော် ငါ့တို့ က သူ့ နာမည်မှတ်တာပေါ့ အော်

အခုတော့.......... ငါ့တို့ က ဖွတ်ကို တောင်ပို့ ထဲမှာနေတာမှတ်တယ်.....ဖွတ်က တောင်ပို့ ထဲမှာ မနေလို့ 

မင်း အမေ့ဇုန်သစ်တောထဲနေရမှာလာကွ...... ဟားဟား...... ဘာလိုလိုနဲ့ ......ကျွန်တော်က ကြားထဲမှာ

 ဖွတ်ဖြစ်သွားတော့သည်.....................
       
                     
                                 ဆက်လက်ကြိုးစားပါဦးမည်........။ အောင်မင်းသူ(ရဝေ)

ကိုယ်တိုင်းအတွေလေးတွေနဲ့  ရေးဆက်ခဲ့ပါသည်........ပျော်ရွှင်မှု့ရကြပါစေ သူငယ်ချင်းတိုင်း........

No comments:

Post a Comment