Thursday 11 April 2013

လွမ်းတတ်သလောက်တော့ ပိတောက်တစ်ခက်နဲ့ လွမ်းရဦးမှာပေါ့

   လွမ်းတတ်သလောက်တော့ ပိတောက်တစ်ခက်နဲ့ လွမ်းရဦးမှာပေါ့
 



မြူးကြွတဲ့

နွေ သင်္ကြန်အခါက

ကျော်လွန်ခဲ့ပါပြီ...

ဘာလိုလိုနဲ့ 

သင်္ကြန်ဆိုတဲ့ အသိက ၀င်လာတယ်

 ဘာလိုလိုနဲ့  သင်္ကြန်လေးတောင်ရောက်တော့မယ်

လွမ်းတယ် ချစ်သူရေ.......

တခါက နင်ပေးခဲ့တဲ့ ပိတောက်တစ်ခက်နဲ့ 

ဒီလူတစ်ယောက်လုံး နွမ်းလျပေါ့

ဒါပေမယ့်

နင်ပေးခဲ့တဲ့ ပိတောက်ပန်းမို့ 

ငါ....ဖွဖွလေး....

နမ်းခဲ့ မိသေးတယ်...

ပိတောက်ကို ကြိုက်လို့  မဟုတ်ပါဘူး

နင်ပေးတဲ့ ပန်းမို့ 

ယုယုယယနဲ့  နမ်းခဲ့မိတာပါ

ပိတောက်တစ်ခက်နဲ့ 

မျှော်လင့်ရမယ့် နေ့ ရက်တွေ

သတိရတော့မယ့် အချိန်တွေနဲ့ 

လွမ်းတတ်သလောက်တော့

ပိတောက်တစ်ခက်နဲ့ လွမ်းရဦးမှာပေါ့....

ပျော်ပါစေ  ချစ်ရသူရေ.....

ပိတောက်တော့ ငါ နဲ့ အတူ

 နွမ်း လျ ပေါ့...........။   ။
 
                                              အောင်မင်းသူ(ရဝေ)မန်းမြေ

No comments:

Post a Comment