Thursday 11 April 2013

“ ပြယုဂ်မရှိတဲ့ ပြတိုက်”

  “ ပြယုဂ်မရှိတဲ့ ပြတိုက်”

ရင်ထဲက ဆန္ဒကို မျက်ကွယ်ပြု
အိမ်မက်ကိုအရောင်ဆိုး
ခပ်တိုးတိုး ရင်ခုန်သံနှင့်အတူ
နှင်းဆီတစ်ခင်း စိုက်ပျိုးခဲ့တယ် ချစ်သူ ...။
ရွေတွဲလဲ ငွေတွဲလဲတွေနဲ့
ခေတ်တန်ဆာ ပလာတွေကင်းပ
မင်းကိုမြင်လိုက်ရတိုင်း
ရင်ထဲမှာ လှိုင်းထသွားတာ..
မျက်လုံးရိုင်းတွေကြောင့်ပါ.ချစ်သူ .။
အကြည့်ချင်းနားလည်လို့..
သံယောဇဉ်တွေ အုပ်မြစ်ချ
စိတ်ကူးနဲ့ ကျိတ်ပြီးရူးရတဲ့..
နှလုံးသား တစ်တိုက်လုံးလဲ
အမုန်းများ တိုက်ဖုံးသွားလို့
ပြိုလဲ ပျက်သုဉ်းခဲ့ရပြီ....ချစ်သူ..။
မင်းနဲ့ဝေးလို့ဆွေးခဲ့တာ..
မင်းခွဲလို့ ကွဲခဲ့တဲ့ အသဲ.
မင်းနဲ့ ပက်သတ် သမျှတော့ မေ့ပစ်လို့မရတဲ့
မှတ်တမ်းတင် နှလုံးသားကိုသာ
အစားထိုး လို့ရခဲ့မယ်ဆိုရင်
ငါ ... ကဗျာတွေလဲ
ရေးတတ်မယ် မထင်ဘူး. ချစ်သူ..။
လျှက်စီးရောင်တွေဝင်းပ
ရွာမလိုလိုနဲ့ တစ်ချုန်းပြပြီး..
ဖွဲဖွဲလေးတောင် မစွေခဲ့တဲ့ မိုးကို
 တကယ်ဆို ငါဟာ
နာကြည် မုန်းခဲ့သင့်တယ် ချစ်သူ.။
 အခုတော့လဲလေ....
အလွမ်းတွေကိုပန်း ကြွေတွေ အဖြစ်
စမ်းရေထဲမှာ မျှော်
မနက်ဖြန်များစွာ အတွက်
ငါရင်မောရတယ် ချစ်သူ..။
ချစ်သူ .. အသဲပလ္လင်ထက်မှာ
ငါကိုယ်တိုင် နန်းတင်ခဲ့တာဆိုတော့
မင်း မုန်းချင်သလောက် မုန်းပါစေ
အမုန်းတွေ ကုန်ဆုံး
အချစ်တွေ ရောက်ရှိလာမယ့် နေ့ကို
ငါ စောင့်မျှော်နေရင်း............

           အလွမ်းကင်းမဲ့သူလေး.  အောင်မင်းသူ(ရဝေ)မန်းမြေ

No comments:

Post a Comment