ချစ်တော့ ချစ်ပါတယ်
ဝင်ခံမပြတော့ပါဘူး ရိပ်မိရုံလေးပဲ..........
ဘယ်သူ သိသိ
မသိသိ ငါချစ်တယ်ဆိုတာ
မင်း သိတယ်
စွန့်လွတ်ဖို့ ချစ်ခဲ့တာမဟုတ်ပေမဲ့
ပိုင်ဆိုင်ခွင့် အိမ်မက်ကို
မက်ခွင့်မရှိခဲ့သူပါ...♥ ♥ ♥
ဆုံးရှုးံခြင်း...အတွက်ခံစားရဲပေမဲ့.
လွမ်းခွင့်တွေ...တသီတသန်းနဲ့
မတူညီတဲ့ ဘ၀လမ်းမှာ
ဘယ်လောက်ထိ
လွမ်းနေရအုံးမှာလဲ ချစ်သူရယ်♥ ♥ ♥
ချစ်သူဘယ်နှစ်ယောက်ရှိလဲတဲ့
အများကြီးတော့မရှိပါဘူးလို့....
ချစ်သူတစ်ယောက်တော့ရှိတယ်လို့
သူ့ကို အများကြီးချစ်ပါတယ်လို့ ပြောလိုက်တယ်
ရင်ခွင်ချင်အတူတူ
ငါ့ ရင်ခွင်က
ပိုပြီ နွေတယ်ဆိုပြီ.........
မင်းရဲ့ အချစ်တွေ..လိမ်ညာပြီ
ယူနေတယ်လို့ မင်းထင်နေတယ်ပေါ့..
ဟုတ်ပါတယ်
အခုအချိန် မှာတော့
မင်း ကြိုးစွဲရာ ကနေတဲ့
သူတစ်ယောက်ပဲ နာလည်နိုင်စွမ်းရှိနေရမယ်.........
ငိုနေတဲ့ငါ့နှလုံးသားက
ရယ်နေတဲ့ငါ့နှုတ်ခမ်းကိုပြောတယ်..
သူလဲပျော်ချင်တယ်တဲ့.
အဲဒီတော့...မျက်ရည်ဝဲနေတဲ့
ငါ့မျက်ဝန်းက..ငါ့နှလုံးသားကိုပြန်နှစ်သိမ့်တယ်.
သူလည်းဟန်ဆောင်နေတာပါပဲ....တဲံ.....
မင်းကွယ်ရာမှာနေနေပြီး..
မင်းမကြိုက်တာ ဘာတစ်ခုမှ
လုပ်မနေပါဘူး...
မင်းကိုချစ်နေမိတဲ့ ..
အလုပ်လေးကတော့
ယနေ့ အချိန်ထိ
လုပ်နေမိတုန်းပဲ.....
ဘယ်သူ သိသိ မသိသိ ငါချစ်တယ်ဆိုတာ မင်း သိတယ်
အောင်မင်းသူ(ရဝေ)မန်းမြေ
No comments:
Post a Comment