Friday, 12 April 2013
.လွမ်း..နွမ်း...ကျွမ်း.
လွမ်းဖို့  သက်သက်ဆို
မချစ်ခဲ့ပါဘူး ညီမရယ်...
ရင်ထဲက ဝေဒနာ
ပြောကာပြရင်လည်း..
သဘောမကျမှာ စိုးထိတ်
စိတ်ညစ်ရတယ် ညီမရယ်..။
ထားလို့ ရင် ထားခဲ့ပါ
ရင်ထဲမှာ နစ်ကာစူးပါစေ..
မတားရက်ဘူး ညီမရယ်....။
ညီမနဲ့  ပတ်သက်တဲ့အလွမ်းမို့ 
အိမ်မက်အထိ စွဲလမ်း
ဝမ်းနည်းစွာ အနေခက်ပေမဲ့
ရင်ထဲက အသဲတစ်ခြမ်း
ညီမ အတွက်ပဲ လွမ်း
ညီမ အတွက်ပဲ နွမ်း
ညီမ အတွက်ပဲ ကျွမ်း ပါစေတော့ကွယ်....။ ။
အောင်မင်းသူ(ရဝေ)မန်းမြေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment