Thursday 11 April 2013

လမင်းထံ အယူခံဝင်ခြင်း

  လမင်းထံ အယူခံဝင်ခြင်း

အာကာတစ်ခွင်
မိုးသားပြင်မှာ
ဝေဆာဖြူစင်
တွေ့မြင်နေတာ
သူ့မျက်နှာလေး..။

လင်းလက်ကြယ်စုံ
ရင်နန်းဘုံဝယ်
တင့်တယ်စိုးမိုး
တိတ်တခိုးဖြင့်
မြတ်နိုးချစ်ခဲ့..။

မောင့်ရင်ကမ္ဘာ
သာယာထိန်လင်း
အေးမြခြင်းကာ
ရောင်စဉ်ဖြားပေး
လမင်းလေးရေ..။

အဆင်းငွေရောင်
ကွယ်မယောင်စိမ်း
ရှောင်ဖယ်တိမ်းရျွ်
ရုပ်သိမ်းသိမ့်နိုး
တီးတိုးစိုးထိတ်
အအိပ်ပျက်တယ်။ ။

ကြင်နာရင်ခွင်
တွယ်တာရင်ရျွ်
စင်ကြယ်ဖြူဖြူ
ချစ်မိသူကို
ကြယ်ဖြူခွင့်လေး.
ပေးစေချင်ရဲ့.......။

        
    အောင်မင်းသူ(ရဝေ)မန်းမြေ

No comments:

Post a Comment