Friday 12 April 2013

ရည်ရွယ်သူလေး..သို့ 

ရည်ရွယ်သူလေး..သို့ 
     

ချစ်သူမဖြစ်ခဲ့တဲ့ တို့ နှစ်ယောက်

သူငယ်ချင်းအဆင့်ထက် ပိုခဲ့တယ် ဆိုတာ

နင်ရော ငါ ရော ငြင်းနိုင်မလားကွယ်  

အဖြူရောင်လို့  ထင်ခဲ့ရတဲ့ သံယောဇဉ်

ကြိုးတံတားလေး ပေါ်မှာ

ခရမ်းရောင်တွေ လွှမ်းမိုးခဲ့တာကို

သတိမထားမိခဲ့တဲ့...ငါ

ခြောက်သွေ့ အက်ရှတဲ့ ရယ်သံတွေကြားမှာ

ခံစားချက်တွေကို မျိုသိပ်ခဲ့ရတယ်..

လောကကြီးက သတ်မှတ်ထားတဲ့

 စည်းအထပ်ထပ်တွေကြားမှာ

နီးစပ်ဖို့  မဖြစ်နိုင်ခဲ့တဲ့ တို့ နှစ်ယောက်

 ချစ်ခြင်းတွေ ဖုံးကွယ်

ဟန်ဆောင်အပြုံးတွေနဲ့  အားတင်းကာ

နောက်ဆုံး နှုတ်ဆက်ပြုံးလျက်ပါ....ရည်ရွယ်သူ.........။

            
                                            အောင်မင်းသူ(ရဝေ)မန်းမြေ

No comments:

Post a Comment