နွေ......
ရွက်ဟောင်တွေ ကြွေလွင့်
ရွက်သစ်တွေနဲ့  အနေတင့်တောမှ
နွေ.. ပြောင်းပြီဆိုတဲ့ အသိစိတ်နဲ့ 
ခေါင်းတစ်ချက်ပဲ ညိတ်မိလိုက်တာပါ.........
မျက်ရည်စမ်းတွေ ခမ်း.ခြောက်သွားအောင်
နွေ.......
အသားကုန် ပူပြင်းလိုက်ပါတော့ကွယ်......................
ငါ့..အချစ်
ကိုယ့်........... အတောင် နှစ်ဖက်ကို
သူလိုရာ ပျံသန်းဖို့  အတွက်
တပ်ဆင်ပေးလိုက်တယ်..............
လွမ်းခွင့်..
လွမ်းရရုံနဲ့ 
ငါ ကျေနပ်နေတတ်တာ
နင် သတိရပေးပါ.....
တကယ်တမ်းမှာတော့
ဆုံဆည်းလို့ မရတဲ့
ဘ၀တွေမှာလည်း.
အချစ်ဆိုတာက
စိုက်ပျိုး စရာမလိုဘဲ အလိုလို
ရှင်သန်လာတတ်ကြတယ်
ဒါပေမယ့်
သူတို့ ရဲ့ အချစ်က
ဇာတ်သိမ်းခန်း မလှတဲ့ Story တစ်ပုဒ်လိုပါပဲ
ဝိုးတိုးဝါးတားနဲ့  ပျောက်ကွယ်သွားတတ်ကြတယ်.........။
ဘယ်သူသိသိ မသိသိ
ငါ့ရင်ထဲက......နင့်အတွက်
ငါ....လွမ်းခွင့်ရချင်ပါတယ်........။ ။
အောင်မင်းသူ(ရဝေ)မန်းမြေ
No comments:
Post a Comment