Friday 12 April 2013

ခွင့်လွှတ်ခြင်း ........

ခွင့်လွှတ်ခြင်း ........

ခွင့်လွှတ်တယ်ဆိုတာ မေ့လိုက်တာမဟုတ်ဘူး .....

တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေဟာ ဒီအတွေ့အကြုံတွေနဲ့ ပတ်သက်တဲ့ စိတ်ဆင်းရဲမှု ကိုယ်ဆင်းရဲ မှုတွေ အားလုံးဟာ ကိုယ့်အတွက် အင်မတန်ကြီးမားတဲ့ သင်ခန်းစာယူစရာတွေ ဖြစ်ပါတယ်။

ဒီအထဲက ပညာယူရမယ်နော် ....

မေ့လိုက်ရင် ပညာမရတော့ဘူး။ဒါကြောင့် မေ့ဖို့မသင့်ဘူး။ဒါကိုနားလည်ဖို့ ကြိုးစားရမယ်။

ခွင့်လွှတ်တယ်ဆိုတာဟာ သူလုပ်ခဲ့တဲ့ ကိစ္စကို လျှော့လျှော့ပေါ့ပေါ့ တွက်လိုက်တာ မဟုတ်ဘူးနော်။

မမှားပါဘူး ၊ ကောင်းပါတယ်လို့ ပြောတာမဟုတ်ဘူး။

ခွင့်လွှတ်လိုက်တဲ့အခါမှာ အတိတ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် ကိုယ့်မှာ နာကျည်းနေတာ၊ သူ့ကိုပြန်ပြီးတော့ ဂလဲ့စားချေမယ်ဆိုတဲ့ အတွေးမျိုးတွေ တွေးနေတာကို ကိုယ်က လွှတ်လိုက် တာ လျှော့လိုက်တာနော် .......

ဒီအတွေးတွေက ကိုယ့်ရဲ့ ပစ္စုပ္ပန်နဲ့အနာဂတ်ကို အကျိုးသက်ရောက်မှု ဖြစ်စေတယ်။စိတ်ချမ်းသာမှု တကယ် မရနိုင်ဘူး။

ဒါပင်မဲ့ ခွင့်လွှတ်လိုက်တာဟာ မှားတာကို မှန်ပါတယ်လို့ လုပ်လိုက်တာ မဟုတ်ဘူး။

ခွင့်လွှတ်နိုင်ရင် ဒဏ်ရာဟောင်း ကျက်လွယ်တယ်။စိတ်နေ သဘောထား မြင့်မားလာတယ်။

ခွင့်လွှတ်တယ်ဆိုတာဟာ အင်မတန်မြင့်မြတ်တဲ့ကိစ္စ ဖြစ်ပါတယ်။

အတိတ်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အဲဒါကို နားလည်ဖို့ လိုတယ်၊ခွင့်လွှတ်ဖို့ လိုတယ်။
အတိတ်က အကြောင်းတွေကို ထပ်ခါတလဲလဲ တွေးနေ ပြောနေပြီးတော့ အဲဒီအတိတ်ထဲ မှာပဲ ချောင်ပိတ်မိနေလို့ရှိရင် ထောင်ချောက်ကြီးထဲ ရောက်နေသလို ဖြစ်တယ်။

ခွင့်လွှတ်ခြင်းဆိုတာ မှန်ကန်တဲ့အမြင် မှန်ကန်တဲ့အသိမှာ အခြေခံမှ ဖြစ်နိုင်တယ်။

ပြီးတော့ ... သူတစ်ပါးကိုချည်း ခွင့်လွှတ်နေရုံနဲ့ မရသေးဘူး။မပြည့်စုံသေးဘူး။မိမိကိုယ်ကိုပါ 

ခွင့်လွှတ်နိုင်မှ ပြည့်စုံတယ်။

ခွင့်လွှတ်နိုင်တဲ့အခါ လောကကြီးကို ကြည့်လိုက်ရင် လောကကြီးက

ကြည့်လို့ကောင်းနေတယ်။ သာယာနေတယ်။အရာရာတိုင်းဟာ
လှနေတယ်။အဓိပ္ပာယ်ရှိနေတယ်။ဒါတွေကို ကြည့်နိုင် ဖို့ မြင်နိုင်ဖို့ အာရုံပြုနိုင်ဖို့ သိနိုင်
ခံစားနိုင်ဖို့ သူ့စိတ်ကို ပေးနိုင်တယ်။

ခွင့်မလွှတ်နိုင်တဲ့သူဟာ ဒါတွေအတွက် သူ့စိတ်မှာ နေရာမပေးနိုင်ဘူး။အချိန် မပေးနိုင်ဘူး။

သူ့မျက်စိက ဖွင့်ထားပေမယ့် သူ မမြင်နိုင်ဘူး။သူ့နားထဲကို အသံတွေ ၀င်ရောက်လာပေမယ့်
သူ အာရုံမပြုနိုင်ဘူး၊မကြားနိုင်ဘူး။သူ တန်ဖိုးမထားနိုင်ဘူး။

ခွင့်လွှတ်နိုင်တဲ့စိတ်ဟာ မြင့်မြတ်တဲ့စိတ်ဖြစ်တယ်။ရင့်ကျက်တဲ့ ခိုင်မာတဲ့ စိတ်ဖြစ်တယ်။

သဘောထားကြီးတဲ့စိတ် (Big Mind)ဖြစ်တယ်။(Powerful Mind)
အင်အားကြီးတဲ့စိတ် ဖြစ်တယ်။

ဒါကြောင့် ခွင့်လွှတ်နိုင်တဲ့သူဟာ စိတ်ဓာတ်ကျ မနေတော့ဘူး.......

ကိုယ့်ဘ၀မှာ အဆိုးနဲ့ကြုံတိုင်း အမြဲတမ်း ကောင်းတာကို လုပ်ဖို့ ကြိုးစားပါ။

သူလုပ်သလို ပြန်လုပ်ခြင်းအားဖြင့် သူ့ထက်သာတဲ့သူ မဖြစ်နိုင်ဘူး။

ခွင့်လွှတ်တယ်ဆိုတဲ့ အဓိပ္ပာယ်က သူ့ကို နာကြည်းနေရတာကို ငါလုပ်နေဖို့ မလိုတော့ဘူး။

အဲဒါ ငါ့အတွက် မလိုအပ်တော့ဘူး၊အဲဒါ ငါ့အတွက် အသုံးမကျတော့ဘူး၊အကျိုးမရှိဘူးလို့
သိသွားတာ။

အမှန်တော့Forgiveness is power ခွင့်လွှတ်ခြင်းဟာ စွမ်းအားဖြစ်ပါတယ်။

ခွင့်လွတ်တယ်ဆိုတာ စိတ်ဓာတ်ရော အသိဥာဏ်ပါ ကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်။

ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓာတ်အင်အား အသိဥာဏ် အင်အား နည်းသေးတဲ့သူရဲ့ အလုပ်ဖြစ် တယ်။

ခွင့်လွှတ်တယ်ဆိုတာ စာရင်းဟောင်းတွေကို ရှင်းပစ်လိုက်တာပဲ "ငါ ဒီ

ခွင့်မလွှတ်နိုင်ခြင်းဆိုတဲ့ ခံစားမှုထဲမှာ ထောင်ကျခံပြီးတော့
မနေတော့ဘူး"ကိုယ့်ထောင်တံခါးကို ကိုယ် ဖွင့်လိုက်တာပဲ။

ဘယ်သူ့ကိုမှ ဘယ်တော့မှ အပြစ်မတင်တော့တဲ့သူ ဖြစ်ချင်နေတယ်။

ခွင့်လွှတ်တယ်ဆိုတာ ဘာဖြစ်လို့လဲဆိုတာ အပြစ်ယူခဲ့လို့ အပြစ်တင်ခဲ့လို့ ခွင့်လွှတ်နေရတာနော် ...

အပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်း မလိုတော့ဘူး။

ခွင့်လွှတ်စရာ မလိုတော့ဘူးဆိုရင် ဘယ်လောက်လွတ်လပ်ပြီးတော့

ဘယ်လောက်အေးချမ်းသွား မလဲ နော်........

**ဆရာတော် ဦးဇောတိက ၏ တွေးမိတိုင်း ပျော်တယ် မှ ကောက်နုတ် ဖော်ပြပါသည် ***

 

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာ ရွှင်လန်း ငြိမ်းအေးနိုင်ကြပါစေ ~~~
               
 
                      
       အောင်မင်းသူ(ရဝေ)မန်းမြေ

No comments:

Post a Comment