Thursday 11 April 2013

ရက်စက်သွားသူ

                ရက်စက်သွားသူ






ရက်စက်တတ်သူတစ်ယောက်ရဲ့

ကျောခိုင်းမှု့ကို

ငါ ၀မ်းမနည်းပါဘူး..။

ဒဏ်ရာတွေနဲ့

နေသားမကျသေးသရျွ်

ကံကြမ္မာကို ရိုးမယ်မဖွဲ့ချင်ဘူး

 ဘ၀နဲ့ရင်းပြီး.

အချစ်ကို လောင်းကြေးထပ်ခဲ့မိလို့

နှလုံးသားတစ်စုံမှာ

အလွမ်းတွေနဲ့ အမှောင်ကျနေလေရဲ့...

မထင်ရဘူးနော် သိပ်အံသြော်တာပဲ..

    အချစ်ကို ...

နှလုံးသားတစ်ခုလုံး ရင်းခဲ့လေသမျှ

နောက်ဆုံးရလာဒ်ဟာ

ရက်စက်ခြင်းတွေပါလားလို့..

ငါကြိုတွေးထားသင့်တယ်....။

ဆူးကျိုးသွားပေမယ့်

ဒဏ်ရာကတော့ ကျန်နေပါသေးတယ်
  
ချစ်သူ.................။
            
               အောင်မင်းသူ(ရဝေ)မန်းမြေ

No comments:

Post a Comment