အလွမ်းဆုံးရုပ်ရှင်တောင်
ဒီလောက်လွမ်းမှာ မဟုတ်ဘူး
ကိုယ်လက်ဖျားလေး ကို စိုက်ကြည့်မိတော့
မပြယ်သေးတဲ့ မွေးရနံ့က ကိုယ်ယောင်ပြတယ်.........။
ခွဲခွာခြင်းကို နှဲတ်မဆက်နဲ့ပြောပြီး...
ဒီလက်ဖျားလေးနဲ့
သူ့ကို နှုတ်ဆက်ခဲ့တာ
တစ်ခါရယ်ရဖို့ ငါတို့နှစ်ယောက်စလုံး
မျက်ဝန်းတွေ ချွေးစို့ခဲ့ရ........။
ရထား ဥသြ မဆွဲခင်.
သံယောဇဉ်တွေ တလက်လက်
တောထနေတဲ့ ဘူတာရုံထဲ
လည်ပတ်ဆဲ့သွေူတွေမှာ......။
စိတ်မချတဲ့ အကြည့်ကိုယ်စီနဲ့
ဘယ်ဆီမှာမှန်းမသိတဲ့..
အနာဂတ်ကို မျှော်လို့.............။
ဝေးကွာသွားဖို့..
မဖြစ်နိုင်တဲ့ စိတ်ချင်း...
ရထားပြတင်းမှာ မှေးတင်မိကြ.........။
ဥသြဆွဲသံ.....
ပြန်လာလို့ မရတဲ့ ကျန်ခဲ့ခြင်းတွေ...
ဆက်ပြီးရှင်သန်နေမယ်.. ကျန်နေခြင်းတွေ..
ကျန်ခဲ့ပါတယ်...။
အောင်မင်းသူရဝေ)မန်းမြေ

No comments:
Post a Comment