အာလုံးကိုစွန့်လွတ်ခဲ့ရင်တောင် သတိရချင်းတွေ ငါပိုင်တယ်
ဖြူစင်စွာ ချစ်ခဲ့ပေမယ့် အနှစ်မရှိတဲ့
အပြုံးလေးပဲ ရခဲ့တယ်
လက်ခံပါတယ်..ဆိုတဲ့
မင်းရဲ့စကားတစ်ခွန်းနဲ့ 
ရှင်သန်ခဲ့ရတဲ့ နေ ရက်တွေမှာ
ကိုယ်ဟာ မင်းရဲ့ ပုံဆန်ခွက်ထဲက
ကစားစရာ အရုပ်တစ်ခုလို
ပမာပြု ခံထားရတယ်လေ.....
မင်းရဲ့ အပြုံးတွေမှာ ယစ်မူး
အချစ်ရူးလေး..တစ်ယောက်ဖြစ်ခဲ့ဘူးတာ
ငါ ရိုးသားစွာ ၀င်ခံပါတယ်
အဒီလို ရူးသွပ်မိခဲ့လို့ 
ငါ့ ရဲ့ ရင်ထဲမှာ ဒဏ်ရာတွေ ရခဲ့ပေမယ့်
နာကျင်ခြင်း မရှိ ယုံကြည်ခြင်းအတိနဲ့ 
ယနေ့ ထိ ချစ်နေဆဲ ဆိုတာ
နှလုံးသားက အသိဆုံးပါပဲလေ
အာလုံးကိုစွန့် လွတ်ခဲ့ရင်တောင် သတိရချင်းတွေ ငါပိုင်တယ်
ဗေဒါလေးကပြောတယ်
သူရဲ့ဘ၀ဟာ
ကြင်နာသူရဲ့ လက်ထဲရောက်ရင်
လုံလောက်ပါပြီ..တဲ့
အာလုံးကိုစွန့် လွတ်ခဲ့ရင်တောင် သတိရချင်းတွေ ငါပိုင်တယ်
ကဗျာသာတဲ့...နေ့ 
ရင်ခွင်ကွဲအောင်ပူတဲ့ နေပြင်းပြင်းထဲ
ကဗျာတွေ ထင်ထင်ရှားရှားသာနေလို့ 
ဆားငံ ပင်လယ်ပြင်ဆီက အလွမ်းတွေ
လှိုင်းလုံးတွေထလို့  ပျော်နေတယ်.............။
အသဲကွဲနေသူတစ်ယောက်တော့ မဟုတ်ပါ ရင်ထဲမှာကဗျာတွေရှင်သန်နေရင်တော့
ပျော်နေတတ်တဲ့ သူတစ်ယောက်
အောင်မင်းသူ(ရဝေ)မန်းမြေ
No comments:
Post a Comment