Friday 12 April 2013

“ ကျိန်စာသင့် နှလုံးသား.”


“ ကျိန်စာသင့် နှလုံးသား.”

အချစ်တစ်ခုနဲ့  တည်ဆောက်ထားတဲ့
     ငါ့ ရင်ခွင်
ကန္တာရ လွင်ပြင်မဟုတ်ဘူး...။
မင်းရင်ခွင်ထက်မှာ တခဏမှေးစက်ဖို့ 
    ပေးဆပ်စရာ ငါ့မှာ..
    ဘာကျန်သေးလို့ လဲ..
ငါ့ ကမ္ဘာအိုဟောင်းထဲ
လမင်းလဲမသာ  ကြယ်စင်လဲမခ.
 စိတ္တဇညတွေမှာပဲ
ငါ နားခိုနေခဲ့ရတာပါ..
လှပ၀ိုင်းစက်တဲ့.. မျက်ဝန်းတစ်စုံ.
ဖက်ဖူးရောင် နှုတ်ခမ်းကနေ
ပစ်လွင့်လိုက်တဲ့ အပြုံးတစ်ခု
လှပမှု့တွေနဲ့   ဖွဲ့ စုထားတဲ့မင်း..
  ငါ့ အတွက်တော့
စုတ်ချက်ပြင်းတဲ့
နတ်ပန်းချီကား တစ်ချပ်ပါပဲ.
 တကယ်ဆို ငါဟာ
အချစ်ဆူးတွေ  ဆူးခဲ့လို့ 
“................................”
                
     အောင်မင်းသူ(ရဝေ)မန်းမြေ
 

No comments:

Post a Comment