Friday 12 April 2013

နတ်သမီးဥယျာဉ်လေးမှာ ရခဲ့တဲ့ အလင်းရောင်

နတ်သမီးဥယျာဉ်လေးမှာ ရခဲ့တဲ့ အလင်းရောင်

  
ကမ္ဘာကြီးရဲ့..အစောပိုင်းကာလတွေတုန်းက သလင်းကျောက်တွေက ခုလိုကြည်ကြည်လင်လင်မရှိဘူးတဲ့ဗျာအရောင်တွေက ညစ်ထွေးစိတ်ပျက် အရောင်တွေတဲ့လေ...
ပုံပြင်လေးရဲ့အစပိုင်းမှာ အမှောင်လို့အမည်ရတဲံ နတ်ဆိုးနတ်မင်းကြီးဟာ ကမ္ဘာကို အလင်းနဲ့ 
မှု့ထမ်းနေတဲ့ ..နတ်သားလေးကိုအလိုမရှိဘူးလေ...ဘာလို့ လဲဆိုတော့အမှောင်နတ်မင်းကြီးက 
ကမ္ဘာပေါ်ကရှိတဲ့လူတွေကို အမှောင်ဖုံးလွှမ်းအောင်လုပ်ပြီး...အမျိုးမျိုး ဒုက္ခပေးချင်နေတာကြောင့်ပေါ့..၊
ဒါပေမယ့် လနတ်သားရဲ့ ဖခင်ကြီးဖြစ်တဲ့ နေနတ်သားရဲ့ တန်းခိုးကို သူ မပြိုင်ရဲတာကြောင့် လနတ်သားကို
နတ်ဆိုးနတ်မင်းကြီးက ရွေးချယ်ခဲ့တယ်..၊ ဒါ့ကြောင့် သူ့ရဲ့ သမီးဖြစ်တဲ့ နတ်သမီးလေးကို ရွေးပြီး လနတ်သားကို မကောင်းကြံဖို့ အစီအစဉ်တွေ ပြောပြပြီး လူပြည် ကို လွှတ်လိုက်တယ်တဲ့......။

အဒီလိုပဲ တစ်ညတာအမှု့ထမ်းဖို့   ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ လနတ်သားငယ်ကို 
သူ့ ဖခင်နေနတ်သားက အမှောင်နတ်ဆိုးနတ်မင်းကြီးအကောက်ကြံတာတွေကို
 ကြိုမြင်နေတာကြောင့် မသွားဖို့  လနတ်သားငယ်ကို တားတာပေါ့...
 ဒါပေမယ့် သူ့ ရဲ့သားငယ်တော်  လနတ်သားလေးက သူမသွားရင် ကမ္ဘာမြေဟာ 
အလင်းမရရှာပဲ စိုးရိမ်စရာတွေ ဖြစ်လာမယ်လို့  မရမက ပူဆာတာကြောင့် 
ဖခင်နေနတ်သားက ခွင့်ပြုလိုက်တယ် သားငယ်ရဲ့မရမက ပူဆာမှု့ကြောင့်ပေါ့....။

ဒါပေမယ့် သူ့ သားငယ် လနတ်သား ကို ကတိတစ်ခုတောင်းခဲ့တယ်..၊ တစ်ဦးတစ်ယောက်က
 သားတော်ရဲ့ အစွမ်းကိုတောင်းဆိုရင်တန်ခိုး ထုပ်မပြဖို့  ကတိတစ်ခု တောင်းတာပေါ့ လနတ်သားလေးကလဲ ဖခင် နေနတ်သားကို ကတိပေးခဲ့တယ်...။
 ဒီလိုနဲ့  ကမ္ဘာမြေကို ရောက်တော့ သာယာတဲ့ ဥယျာဉ်ကြီးအလယ်မှာ ခဏနားနေစဉ် 
သိပ်ကိုလှပတဲ့.. နတ်သမီးလေး  ကို တွေ့ တယ်
လနတ်သားရဲ့ တန်ခိုးကြောင့် အဒီနတ်သမီးလေးဟာ  အမှောင်နတ်ဆိုးနတ်မင်းကြီးရဲ့သမီး 
မိုးရိပ်ညို မှန်းသိခဲ့ပေမယ့်..၊အဒီ နတ်သမီးလေး.ကို  မြင်မြင်ချင်း ချစ်မိသွားတယ်...
လနတ်သားလေးဟာ... ဒါပေမယ့် မိုးရိပ်ညို    မသိခဲ့ဘူးလေ......နှစ်ဦးသားဥယျာဉ်ကြီးအလယ်မှာ   
 ပျော်ရွှင်ကြည်နူးနေစဉ်မှာပဲ မိုးရိပ်ညို နတ်သမီးလေး.ကလနတ်သားလေးကို အတင်းပူဆာတော့တာပါပဲ..၊
အဲဒါကေတော့  သူ့ ချစ်သူ လနတ်သားလေးနဲ့  ကောင်းကင်ယံမှာမှာ သူတို့ ရဲ့စွမ်းအားတွေနဲ့ 
 လျှောက်လည်ချင်ပါတယ်တဲ့...၊  မိုးရိပ်ညို နတ်သမီးလေး.ရဲ့ 
 အတင်းပူဆာမှု့ကြောင့် သူ့ဒုက္ခရောက်မှာ ကြိုသိပေမယ့်..........၊
ကိုယ့် ချစ်သူ  ကျေနပ်ပျော်ရွှင်မှု့ပေးချင်တဲ့  စိတ်ကြောင့် လေပြေကို လနတ်သားရဲ့ အစွမ်းနဲ့  ရွှေ့ကြုတ်ကလေးဖန်ဆင်းပြီး..ချစ်သူ လည်ပင်းမှာဆွဲပေးပြီး..လက်ဆောင်ပေးခဲ့တယ် ....။

 “ ငါ မပျော်ရွှင်ရရင်နေပါစေ
  ကိုယ်ချစ်တဲ့သူပျော်ရွှင်နေတာမြင်ရင်
   ငါ ပျော်ရွှင်နေသလိုပါပဲ...”..

 ဒီလိုနဲ့   ကောင်းကင်ထက်မှာ နှစ်ယောက်ချင်တွဲ ၀ဲပျံကြရင်း မိုးရိပ်ညို နတ်သမီးလေးက....
တိမ်မည်း တိမ်ညိုတွေကို  လွင့်ထုပ်ပြီးတော့...
 လနတ်သားရဲ့ အလင်းကို ထိန်းချုပ် ဖမ်းဆီးလိုက်တာပေါ့..၊
နောက်ပြီးတော့ လနတ်သားရဲ့ ၀ိညာဉ်ကို တိမ်မည်း တိမ်ညိုတွေနဲ့  သိမ်းထုပ်ပြီး...၊
  ကျောက်တုံးကြီးတစ်တုံးရဲ့ အလယ်မှာ မြုပ်လိုက်ပြီး  ပျော်ရွှင် စွာ သူ့ ဖခင်ဆီ ပြန်လာခဲ့တယ်..။

  “ဘယ်သူ သိသိ မသိသိ
  ငါ့ ချစ်တယ်ဆိုတာ မင်းသိတယ် ”..
 
လနတ်သားလေးရဲ့  ဖခင် နေနတ်သား က သားတော်  ပြန်မလာတာကြောင့်..
 သူ့  နေနတ်သားတပ်သားတွေ ခြံရံပြီး..ကမ္ဘာ ကို တစ်နှစ်တာလုံး နွေဥတု တစ်ဖန် ဖန်တီး...၊
တပ်သားတွေကို နေကြာပွင့်တွေအဖြစ်ဖန်ဆင်းပြီး လနတ်သားလေးကို လိုက်ရှာခိုင်းခဲ့တယ်....။
  ဒါပေမယ့် မတွေ့ ခဲ့ကြဘူး......။နောက်တော့ မိုးရိပ်ညို နတ်သမီးလေးဟာ တစ်နေ့ တစ်ယောက်တည်း...လနတ်သားလေးဆွဲပေးခဲ့တဲ့ ရွှေကြုတ်လေးကို
စမ်းမိရင်း သိချင်တဲ့ စိတ်ကြောင့်  ကြုတ်ကလေးကို  အဖွင့်မှာ လေပြေလေးတွေက
 မိုးရိပ်ညိုရဲ့ ၀န်းကျင်ကို ၀ဲပျံ ညင်သာစွာ လှည်ပတ်စီးဆင်းရင် .၊
လနတ်သားလေးရဲ့  “ဘယ်လောက်ချစ်တယ် ”  ပြောပြတော့တာပေါ့..။

   အဒီအခါကြမှ .......မိုးရိပ်ညို နတ်သမီးလေးဟာ  လနတ်သားကလေး.ဟာ
သူမကို  ရန်သူမှန်း သိလျှက်နဲ့  ချစ်မိတဲ့ အကြောင်းကို သိသွားပြီး....၊
နတ်သမီးလေး.   ၀မ်းနည်းစွာ ငိုမိတော့တာပေါ့....။

 နတ်သမီးလေး ငိုလိုက်တာကြောင့်  ကမ္ဘာမြေတစ်ခုလုံး လျှက်စီးတွေလက် မိုးကြိုးတွေ ပစ်ပြီး..၊
မိုးတွေသည်းကြီးမည်းကြီး၇ွာချခဲ့တယ်..။  အဒီ မိုးရေတွေနဲ့ အတူ မိုးရိပ်ညိုနတ်သမီးကလေး.က
     
   သစ္စာဆိုတယ်လေ..
“ တကယ်လို့  သူမချစ်သူ လနတ်သားလေးသည် သူမကို ရန်သူမှန်းသိလျှက်နဲ့   အမှန်တကယ်  ချစ်မြတ်နိုးကြောင်း ဟုတ်မှန်ခဲ့ပါက ချစ်သူကို ဖန်းဆီးထားတဲ့  ကျွ်ကျောက်တုံးသည် လရောင်ကဲ့သို့ ကြည်လင်ပြီး. သူမ၏ ချစ်သူ လွတ်မြောက်ပါစေသား ” လို့ သစ္စာဆိုလိုက်တယ်..။
  မိုးရိပ်ညိုနတ်သမီးလေးရဲ့  သစ္စာစကား....လနတ်သားလေးရဲ့ ချစ်ခြင်းမေတ္တာ စစ်မှန်ခဲ့မှု့ကြောင့်
  သစ္စာစကားတွေဟာ
အရှိန်ပြင်းပြင်းရွာချတဲ့ မိုးစက်တွေ နဲ့ အတူ ကျောက်တုံးကြီးပေါ် စီးဆင်းပြီး..ထိတွေ့ လိုက်တာနဲ့ 
 တပြိုင်ထဲ ကျောက်တုံးကြီးဟာ..လမင်းကြီးလို့  တစ်ရှိန်ထိုး စူးရှလင်းလက်ပြီး...ပတ်ဝန်းရဲ့ အလင်အားရော ပေါင်းပေါင်းစပ်ပြီး  ဘာမှ မမြင်ရအောင်အလင်းတွေ တောက်ပသွားခဲ့တယ်...........။
  
 အလင်းရောင် ပုံမှန် ပြန်ဖြစ်သွားချိန်မှာတော့ ကောင်းကင်မှာ လမင်းကြီးက ၀င်းပသွားပြီး...
မိုးရိပ်ညို နတ်သမီးလေး ရှေ့မှာ  လနတ်သားလေး ရောက်ရှိလာတယ်.

  ပြီးတော့  ခုနကကျောက်တုံးကြီးဟာ  ကြည်လင်သန့် စင်တဲ့ သလင်း ကျောက်တုံးကြီးဖြစ်သွားတယ်...။
နောက်တော့  သူ့တို့ နှစ်ယောက် အချစ်မဏ္ဍိုင်ဖြစ်ခဲ့တဲ့   ဥယျာဉ်အလယ်မှာပဲ    
       နတ်သမီးလေး  နဲ့  လနတ်သားလေး
ပျော်ရွှင်တဲ့ ဘ၀လေးအဖြစ်ဖန်တီးပြီး......... ခရီးဆက်ကြတော့သည်
             
        နတ်သမီးဥယျာဉ်လေး မှာ ထာဝရပျော်ရွင်ပါစနော်
  ရှင်းတယ်မဟုတ်လား. ဇာတ်လမ်းလေး...ဟီးဟီး ..................
            နတ်သမီးဥယျာဉ်လေးမှာ ရခဲ့တဲ့ အလင်းရောင်  ဆို တဲ့ ပုံပြင်လေးကို
ဖတ်ရှု့ခဲ့တဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူး အထူးတင်လျှက်
             
                                     အောင်မင်းသူ(ရဝေ)မန်းမြေ

No comments:

Post a Comment