ခံစားချက်တွေမျိုသိပ်
ကြိတ်မှိတ်ကာ အလွမ်းတွေကို
ဝမ်းသာသလို မျက်နှာထားနဲ့
လက်ခုတ်လက်ဝါးတီးပြီး..
နာကျင်စွာပဲ ခရီးဆက်..
နေခဲ့ပါတော့ ချစ်သူရယ်......
ငါ့ရဲ့ မျက်ရည်တွေဟာ..
နင့် အတွက်..ပျော်ရွင်ခြင်းတဲ့လား.......
တစ်နေ့နေ့..
နင် သိပ်ချစ်ရတဲ့ ပျော်ရွင်ခြင်းဟာလဲ
နင့်ရဲ့ မျက်ရည်တွေ
မဖြစ်ပါစေနဲ့ကွယ်...
ပြိုင်ပွဲ မဟုတ်ပေမယ့်..
ချစ်ခြင်းအတွက် စစ်ခင်း..
အနိုင်ရသူကို ပန်းကုံးလှမ်းပြီး...
ရှုံးနိမ့်သူကိုသနား.........
ရည်ရွယ်သူကို တမ်းတနေတဲ့...
နင့်ရဲ့ နှလုံးသား
ငါ့ကိုများ မုန်းနေပြီလားကွယ်..
နင့်ရင်ထဲက သူရဲကောင်း
ငါ
ကောင်းကောင်းသိလိုက်ရချိန်
မချိအောင် နာကျင်ပေမယ့်
ရယ်ချင်သလို မျက်နှာထားနဲ့...
ငါ
ထွက်သွားပါ့မယ့်..............။
အောင်မင်းသူ(ရဝေ)မန်းမြေ
No comments:
Post a Comment