အတ္တ
= = =
ဓားသွားထက်က နှုတ်ခမ်းတစ်စုံ
နှစ်ချို့အလွမ်းတွေအတွက်
ပုတ်သိုးသိုးနေ့ရက်တွေကြားမှာ
ကမ္ဘာဦးနိယာမကြိုးတွေနဲ့ 
ကိုယ့်ကိုယ်ကို ပြန်လည်ချည်နှောင်နေကြသူတွေကိုလည်း
မုန်းတယ်...
မာယာကိုအင်္ကျီချုပ်ဝတ်
နုညံခြင်းမျက်နှားဖုံးချွတ်ပြီး
တမာပင်ကို ကျောပိုးထားတဲ့
ခေတ်သစ်ကလီယိုထရာဂေးတွေကိုလည်း မုန်းတယ်
နတ်သမီးကိုယ်ထင်ပြတဲ့
ချစ်မ၀ပန်းချီကား
ဆေးရောင်အစပ်မှားခဲ့တဲ့ ငါ့ကိုယ်ငါလည်း မုန်းတယ်...။ ။
ညီဆူးသစ်
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Monday, 13 January 2014
ညည်းတွားခွင့်
ညည်းတွားခွင့်
=======
ဘ၀နဲ့ရင်းပြီး
အချစ်ကိုလောင်းကြေးထပ်ခဲ့မိတဲ့ ငါ
ရက်စက်ခြင်းနေ့ညတွေကြောင့်
နှလုံးသားတစ်စုံမှာအလွမ်းတွေ
အမှောင်ကျနေလေရဲ့ 
မထင်ရဘူးနော်သိပ်အံသြတာပဲ
အချစ်ကို နှလုံးသားတစ်ခုလုံးရင်းခဲ့သမျှ
နောက်ဆုံးရလာဒ်ဟာ
ရက်စက်ခြင်းတွေပါလားလို့ 
ငါ ကြိုတွေးထားသင့်တယ်
ဒီကဗျာဟာ
ရက်စက်သွားတဲ့ ချစ်သူတစ်ယောက်သိစေဖို့ 
ရင်ထဲ မမျိုသိပ်နိုင်တော့လို့ 
ညည်းပြလိုက်တာပါ
ဘာမှ စကားမပြောတတ်တဲ့
တိရိစ္ဆာန် တစ်ကောင်တောင်မှ
ရင်ထဲ မွန်းကျပ်လာရင်
ညည်းသံလေးတော့ ပြုတတ်ကြသေးတယ် မဟုတ်လား
ဘာပဲ ဖြစ်ဖြစ်ပါ
ညည်းတွားခြင်းတွေရဲ့
နောက်ကွယ်မှာ
ငါ့နှလုံးသားတစ်စုံ
မင်းရှေ့ ဒူးထောက်ခဲ့ရတာ
ဘယ်လိုမှ ဥပေက္ခာပြုလို့မရသလို
ဘယ်သူမှလဲ မသိလိုက်ပါဘူး...။ ။
ညီဆူးသစ်
နတ်သမီးသံစဉ်
နတ်သမီးသံစဉ်
========
ကိုယ့်ဘ၀ရဲ့အလင်းသစ်
ပျော်ရွှင်ခြင်းရဲ့ပြယုဂ်
ရှင်သန်ခြင်းရဲ့အဓိပ္ပယ်တစ်ခုပါ...
မြတ်နိုးသူအချစ်ဦးရဲ့ရယ်သံလောက်
ချိုမြိန်တဲ့ဂီတသံစဉ်
ဒီကမ္ဘာမှာရှိမှာ မဟုတ်ဘူး...
ကြယ်လေးတွေဖူးပွင့်တဲ့ လမင်းရဲ့အလှ
မင်းရဲ့မျက်တောင်ဝမှာပဲ ခစားရရှာတယ်...
မဖိတ်ခေါ်ပဲ ၀င်ရောက်လာသူ
ရုတ်တရက် နှုတ်မဆက်
ထွက်ခွါသွားမှာကိုတော့ ငါ မလိုလားဘူး
အနားသတ်မညီတဲ့
ငါ့ရဲ့အပြာရောင် ပန်းချီကားတစ်ချပ်
အမုန်းသင့်ဆူးတောရဲ့အမှတ်တမဲ့
ပန်းတစ်ပွင့်လဲ မဖြစ်စေချင်ဘူး...
အလုံခြုံဆုံး မဟုတ်ခဲ့ရင်တောင်
အနွေးထွေးဆုံး ဖြစ်ဖို့ 
“အချစ်စစ်မှန်ရင် မငြိမ်းချမ်းဘူး” ဆိုတဲ့
နတ်ဆိုးရဲ့ကျိန်စာကပ်ဆိုးကို
ခြွင်းချက်အနေနဲ့ ကြက်ခြေခက်လိုက်ဖို့ 
ငါ...အသင့်ဖြစ်နေပြီ...။ ။
ညီဆူးသစ်
ရင်ခွင်လမ်း
ရင်ခွင်လမ်း
======
မြင်မြင်သမျှ အရာအားလုံးဟာ
မင်း ပုံရိပ်တွေပဲ ဖြစ်နေခဲ့တယ်
ခြေတစ်လှမ်းအကြွမှာ
အသက်ရှူမှားခဲ့တာလည်းအကြိမ်ကြိမ်
ကိုယ်ရနံ့လေးတစ်ရှိုက်မှာ
ရင်ခုန်သံတွေရပ်ခဲ့တာလည်းအခါခါ
အာရုံမှာစွဲငြိ
အိမ်မက်ထဲအထိစွဲလန်း
မမှီမကမ်းနဲ့ 
မျှော်လင့်ခြင်းရက်စွဲရှည်
သက်သေတွေသာ ရှိရင်
မြင်သာအောင် ပြလိုက်ချင်ပါရဲ့ 
ဒီကမ္ဘာပေါ်မှာ
ရှည်လျှာစွာ သက်သေထူလို့ 
နောင်ဘ၀ အဆက်ဆက်
ရွှေလက်ချင်းဆက်ပါရစေ
အသည်အသက်ကိုထပ်တူပြု
ရာစုနှစ်ထောင်ချီ
ကျွှ်ကမ္ဘာတည်နေသရျွ်
နှလုံးသားချင်းဖလှယ်
ကြည်ဖြူစွာ လက်ကမ်း
စောင့်စားသူရဲ့ ရင်ခွင်လမ်းသို့ 
လှမ်းလာပါတော့...။ ။
ညီဆူးသစ်
ကံစီမံရာ
ကံစီမံရာ
=====
ပန်းပွင့် မြင်တိုင်းလည်း
ငါ မနမ်းခဲ့သလို
ပန်းပွင့်တွေ့တိုင်းလည်း
ငါ မခူးဆွတ်ခဲ့ပါဘူး
သဘာဝ တရားရဲ့ 
အလေ့ကျ ဖြစ်ပေါ်မှု ကို
ဆန့် ကျင်ဘက်အရာတွေနဲ့ 
ငါ မတိုက်ခိုက်ခဲ့ပါဘူး
ကံကြမ္မာရဲ့ ညီမျှတဲ့
ပေးစွမ်းနိုင်မှုအပေါ်
လိုသည်ထက်ပိုလွန်မှု
ငါ မတောင်းဆိုခဲ့ပါဘူး...
အချစ်ဆိုတဲ့ အရာအတွက်
တုန့်ပြန်မှုတွေရရှိအောင်
ပိုလွန်တဲ့ မာယာတွေလည်း
ငါ အသုံးမပြုခဲ့ပါဘူး....
ဒါကြောင့်ပဲ ဖြစ်မှာပါ
အလျားအနံကင်းမဲ့တဲ့
မေတ္တာလွင်ပြင်မှာ
သံယောဇဉ် နွယ်ပင်တွေ
ငါ့ အတွက်
မရှင်သန်တော့ဘူးလေ. . . ။ ။
ညီဆူးသစ်
=====
ပန်းပွင့် မြင်တိုင်းလည်း
ငါ မနမ်းခဲ့သလို
ပန်းပွင့်တွေ့တိုင်းလည်း
ငါ မခူးဆွတ်ခဲ့ပါဘူး
သဘာဝ တရားရဲ့ 
အလေ့ကျ ဖြစ်ပေါ်မှု ကို
ဆန့် ကျင်ဘက်အရာတွေနဲ့ 
ငါ မတိုက်ခိုက်ခဲ့ပါဘူး
ကံကြမ္မာရဲ့ ညီမျှတဲ့
ပေးစွမ်းနိုင်မှုအပေါ်
လိုသည်ထက်ပိုလွန်မှု
ငါ မတောင်းဆိုခဲ့ပါဘူး...
အချစ်ဆိုတဲ့ အရာအတွက်
တုန့်ပြန်မှုတွေရရှိအောင်
ပိုလွန်တဲ့ မာယာတွေလည်း
ငါ အသုံးမပြုခဲ့ပါဘူး....
ဒါကြောင့်ပဲ ဖြစ်မှာပါ
အလျားအနံကင်းမဲ့တဲ့
မေတ္တာလွင်ပြင်မှာ
သံယောဇဉ် နွယ်ပင်တွေ
ငါ့ အတွက်
မရှင်သန်တော့ဘူးလေ. . . ။ ။
ညီဆူးသစ်
လမင်း၏ အားနည်းချက်
=============
လမင်းကများ ရှောင်ပုန်းတာလား..
တိမ်တွေကများ လိုက်ဖုံးတာလား..
ဒီပုစ္ဆာအဖြေကို တွက်စရင်း
ပျောက်ဆုံးသွားတဲ့ အလင်းစက်က
ညဥ့်နက်ကို လှည့်စားခဲ့
နဲ့ သွားတဲ့ မျှော်လင့်ချက်အတွက်
ဖြေသိမ့်မှုနဲ့ ကြားခံထား
အမှားအမှန်များနဲ့  ရေတွက်ရင်း
နံနက်ခင်းရဲ့  အလင်းစက်ကြောင့်
နှင်းပေါက်တို့  ပျောက်ပျက်
ရောက်လက်စ အခန်းကို အနားသတ်ပေးရင်း
ဖတ်လက်စ အခန်း ပြန်အဖွင့်မှာ
အဖြေက တပ်အပ်တွေ့ တယ်
လမင်းမှာ အားနည်းနေလို့ တဲ့လေ...။ ။
ညီဆူးသစ်
Sunday, 14 July 2013
မပြောဖြစ်လိုက်ရတဲ့နောင်တ
ငှက်ကလေးတွေ ပျော်ပျော်ရွင်ရွင်ကခုန်နေတခါ
ရွှေဝါရောင်စပါးပင်လေးတွေ လေယူရာယိမ်းနွဲ့ ကခုန်နေတဲ့အခါ
ဆောင်း ခိုငှက်တွေ အိပ်တန်းပြန်ကြတဲ့အခါ
နေ၀င်ချိန် တောင်တန်းတွေပေါ်က ရောင်စုံခြယ် တိမ်တွေကို မြင်ရတဲ့ အခါ..
စိမ်းလန်းစိုပြေနေတဲ့ ဘောလုံးကွင်းကြီးကို မြင်မြင် ရတဲ့ အချိန် အခါတိုင်း
ငါ လေ နင့် ကို အရမ်းသတိရတာပဲ.......
တခါတုန်းက အိမ်မက် လမ်းစဉ်ပေါ်က လျှောက်လှမ်းခဲ့ဘူးတဲ့
တစ်ချိန်ကချစ်သူရေ............။
အိမ်မက်ထဲကို လာလာ မနှောင့်ချက်ပါနဲ့ တော့လို့ ငါ
မမောင်းထုတ်ချင်ပါဘူးဟာ(သံယောဇဉ်အစစ်ကမလွယ်ဘူးဆိုတာ နင်လဲ သိတာပဲ)
နင့် လဲ ငါ အပေါ် သံယောဇဉ် မငဲ့ကွက်ခဲ့ဘူးဆိုတာ ငါလဲ သိတယ်
ကိုယ် တကယ် ချစ်တယ် ဆို ကိုယ်ချစ်တဲ့သူရဲ့ ရင်ခွင်မှာပဲ မှေးစက်ချင်ကြတယ်
ဒါ သဘာဝပါပဲ...
ရှိုင်း မင်းဘာတွေ စဉ်စားနေတာလဲဟ
သူငယ်ချင်းရာ ဘာ စဉ်စားရမလဲ ပိုးအိမ် အကြောင်းပေါ့ကွာ. အရမ်းသတိရနေတယ်. ငါ သူ့ ကို
မင်းတော့ကွာ ဘာ ကြာတော့လို့ လဲ ပိုးအိမ် လဲ ပြန်လာတော့မယ် ........
အော် ဟုတ်လား. ဘယ်တော့လဲ နောက်လာမဲ့ 5 ရက်နေ့ ပေါ့
ပိုးအိမ် ဘာလာလုပ်မှာလဲ မျိုးမင်းသန့် 
ဟာ မင်းနဲ့ တော့ ခက်ပြီ ပုံမှန်တိုင်းပေါ့ဟ အိမြတ် ငါ့ကို ပြောတာ သူတို့  ကျောင်းလာတတ်ကြမယ်တဲ့
ပိုးလေး. အိမြတ် တို့  ရွေယွန်းအိမ် ဆိုတဲ့ အဆောင်မှာ နေနေရင် တက္ကသိုလ် ဒုတိယနှစ် အဝေးသင်
ကိုဆက်တတ်ခဲ့ကြသည်...
ပုံမုန် ထိုင်နေကြ နေရာလေးမှာပဲ ထိုင်ရင် မျိုးမင်းသန့်  နဲ့  ထိုင်စောင့်နေရင်ပေါ့
ပိုးအိမ် မှ လာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ ဖြစ်သည်
ငါ သူကို တကယ် ဖွင့်ပြောမယ်ကွာ
အိုကေ ရှိုင်း ကောင်းတယ် ....မင်း တကယ် ချစ်တယ်ဆိုတာ ငါလဲ သိတာပဲ မင်း အဆင်မှာကွာ .....
မျှော်နေတဲ့ ဆိုင်ကလေး ရှိရာ သို့  မပေါ်လာခဲ့ပါ............မျှော်နေသူအဖို့  ရင်ထဲ့တော့ ဘာမှန်မသိ.......
အချိန်တွေတော့ ကုန်ခဲ့ ရလိုက်ပြီ..........။
ရှိုင်း ပြန်ကြရအောင် ကွာ မင်း တကယ် မျှော်နေတာ သူလဲ သိတာပဲ
အချိန်တွေက သူ့ ကို ကုစားသွားတာနေမှာပေါ့ ( သူ မအားလို့ နေမှာပါ ဆိုတဲ့ အသိ စိတ်နဲ့ ဆုံးဖြတ်ခါ
ပြန်ခဲ့ကြလိုက်သည်)
ပြောပြခွင့် မရတဲ့ စကားလေးကတော့
ယနေ့ ထိ နာရီလက်တန်လေး လယ်ပတ်နေတုန်းပဲ
ပုံဖော်ခွင့်မရလိုက်ချင်းကိုပဲ ငါတကယ် နောင်တရလိုက်မိတာပါ
(တောင်းပန်စာ)
သူငယ်ချင်းတို့ရေ...ဘ၀ခါးနေတဲ့သူတစ်ယောက်တော့မဟုတ်ပါ ခံစားနေသူတစ်ယောက်
မဟုတ်ပြန်တော့လဲ ပုံဖော်ရေးရတဲ့သူတစ်ယောက်အတွက်အရမ်းခက်ခဲ့တဲ့
အလုပ်တခုဖြစ်နေရပြန်ပါသည် ..။
ဆင်ပြေရင်တော့ဆက်လက်ကြိုးစားပြီးရေးလိုက်ချင်ပါသေးသည်။ ။
ခွဲခွါချိန်..............
အလွမ်းဆုံးရုပ်ရှင်တောင်
ဒီလောက်လွမ်းမှာ မဟုတ်ဘူး
ကိုယ်လက်ဖျားလေး ကို စိုက်ကြည့်မိတော့
မပြယ်သေးတဲ့ မွေးရနံ့ က ကိုယ်ယောင်ပြတယ်.........။
ခွဲခွာခြင်းကို နှုတ်မဆက်နဲ့ ပြောပြီး
ဒီလက်ဖျားလေးနဲ့ 
သူ့ ကို နှုတ်ဆက်ခဲ့တာ
တစ်ခါရယ်ရဖို့  ငါတို့ နှစ်ယောက်စလုံး
မျက်ဝန်းတွေ ချွေးစို့ ခဲ့ရ........။
ရထား ဥသြ မဆွဲခင်
သံယောဇဉ်တွေ တလက်လက်
တောထနေတဲ့ ဘူတာရုံထဲ
လည်ပတ်ဆဲ့သွေးတွေမှာ......။
စိတ်မချတဲ့ အကြည့်ကိုယ်စီနဲ့ 
ဘယ်ဆီမှာမှန်းမသိတဲ့
အနာဂတ်ကို မျှော်လို့ .............။
ဝေးကွာသွားဖို့ 
မဖြစ်နိုင်တဲ့ စိတ်ချင်း
ရထားပြတင်းမှာ မှေးတင်မိကြ.........။
ဥသြဆွဲသံ
ပြန်လာလို့  မရတဲ့ ကျန်ခဲ့ခြင်းတွေ...
ဆက်ပြီး ရှင်သန်နေမယ်.. ကျန်နေခြင်းတွေ
ကျန်ခဲ့ပါတယ်... ။ ။
အောင်မင်းသူရဝေ)မန်းမြေ
...
ငှက်ကလေးတွေ ပျော်ပျော်ရွင်ရွင်ကခုန်နေတခါ
ရွှေဝါရောင်စပါးပင်လေးတွေ လေယူရာယိမ်းနွဲ့ ကခုန်နေတဲ့အခါ
ဆောင်း ခိုငှက်တွေ အိပ်တန်းပြန်ကြတဲ့အခါ
နေ၀င်ချိန် တောင်တန်းတွေပေါ်က ရောင်စုံခြယ် တိမ်တွေကို မြင်ရတဲ့ အခါ..
စိမ်းလန်းစိုပြေနေတဲ့ ဘောလုံးကွင်းကြီးကို မြင်မြင် ရတဲ့ အချိန် အခါတိုင်း
ငါ လေ နင့် ကို အရမ်းသတိရတာပဲ.......
တခါတုန်းက အိမ်မက် လမ်းစဉ်ပေါ်က လျှောက်လှမ်းခဲ့ဘူးတဲ့
တစ်ချိန်ကချစ်သူရေ............။
အိမ်မက်ထဲကို လာလာ မနှောင့်ချက်ပါနဲ့ တော့လို့ ငါ
မမောင်းထုတ်ချင်ပါဘူးဟာ(သံယောဇဉ်အစစ်ကမလွယ်ဘူးဆိုတာ နင်လဲ သိတာပဲ)
နင့် လဲ ငါ အပေါ် သံယောဇဉ် မငဲ့ကွက်ခဲ့ဘူးဆိုတာ ငါလဲ သိတယ်
ကိုယ် တကယ် ချစ်တယ် ဆို ကိုယ်ချစ်တဲ့သူရဲ့ ရင်ခွင်မှာပဲ မှေးစက်ချင်ကြတယ်
ဒါ သဘာဝပါပဲ...
ရှိုင်း မင်းဘာတွေ စဉ်စားနေတာလဲဟ
သူငယ်ချင်းရာ ဘာ စဉ်စားရမလဲ ပိုးအိမ် အကြောင်းပေါ့ကွာ. အရမ်းသတိရနေတယ်. ငါ သူ့ ကို
မင်းတော့ကွာ ဘာ ကြာတော့လို့ လဲ ပိုးအိမ် လဲ ပြန်လာတော့မယ် ........
အော် ဟုတ်လား. ဘယ်တော့လဲ နောက်လာမဲ့ 5 ရက်နေ့ ပေါ့
ပိုးအိမ် ဘာလာလုပ်မှာလဲ မျိုးမင်းသန့် 
ဟာ မင်းနဲ့ တော့ ခက်ပြီ ပုံမှန်တိုင်းပေါ့ဟ အိမြတ် ငါ့ကို ပြောတာ သူတို့  ကျောင်းလာတတ်ကြမယ်တဲ့
ပိုးလေး. အိမြတ် တို့  ရွေယွန်းအိမ် ဆိုတဲ့ အဆောင်မှာ နေနေရင် တက္ကသိုလ် ဒုတိယနှစ် အဝေးသင်
ကိုဆက်တတ်ခဲ့ကြသည်...
ပုံမုန် ထိုင်နေကြ နေရာလေးမှာပဲ ထိုင်ရင် မျိုးမင်းသန့်  နဲ့  ထိုင်စောင့်နေရင်ပေါ့
ပိုးအိမ် မှ လာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ ဖြစ်သည်
ငါ သူကို တကယ် ဖွင့်ပြောမယ်ကွာ
အိုကေ ရှိုင်း ကောင်းတယ် ....မင်း တကယ် ချစ်တယ်ဆိုတာ ငါလဲ သိတာပဲ မင်း အဆင်မှာကွာ .....
မျှော်နေတဲ့ ဆိုင်ကလေး ရှိရာ သို့  မပေါ်လာခဲ့ပါ............မျှော်နေသူအဖို့  ရင်ထဲ့တော့ ဘာမှန်မသိ.......
အချိန်တွေတော့ ကုန်ခဲ့ ရလိုက်ပြီ..........။
ရှိုင်း ပြန်ကြရအောင် ကွာ မင်း တကယ် မျှော်နေတာ သူလဲ သိတာပဲ
အချိန်တွေက သူ့ ကို ကုစားသွားတာနေမှာပေါ့ ( သူ မအားလို့ နေမှာပါ ဆိုတဲ့ အသိ စိတ်နဲ့ ဆုံးဖြတ်ခါ
ပြန်ခဲ့ကြလိုက်သည်)
ပြောပြခွင့် မရတဲ့ စကားလေးကတော့
ယနေ့ ထိ နာရီလက်တန်လေး လယ်ပတ်နေတုန်းပဲ
ပုံဖော်ခွင့်မရလိုက်ချင်းကိုပဲ ငါတကယ် နောင်တရလိုက်မိတာပါ
(တောင်းပန်စာ)
သူငယ်ချင်းတို့ရေ...ဘ၀ခါးနေတဲ့သူတစ်ယောက်တော့မဟုတ်ပါ ခံစားနေသူတစ်ယောက်
မဟုတ်ပြန်တော့လဲ ပုံဖော်ရေးရတဲ့သူတစ်ယောက်အတွက်အရမ်းခက်ခဲ့တဲ့
အလုပ်တခုဖြစ်နေရပြန်ပါသည် ..။
ဆင်ပြေရင်တော့ဆက်လက်ကြိုးစားပြီးရေးလိုက်ချင်ပါသေးသည်။ ။
ခွဲခွါချိန်..............
အလွမ်းဆုံးရုပ်ရှင်တောင်
ဒီလောက်လွမ်းမှာ မဟုတ်ဘူး
ကိုယ်လက်ဖျားလေး ကို စိုက်ကြည့်မိတော့
မပြယ်သေးတဲ့ မွေးရနံ့ က ကိုယ်ယောင်ပြတယ်.........။
ခွဲခွာခြင်းကို နှုတ်မဆက်နဲ့ ပြောပြီး
ဒီလက်ဖျားလေးနဲ့ 
သူ့ ကို နှုတ်ဆက်ခဲ့တာ
တစ်ခါရယ်ရဖို့  ငါတို့ နှစ်ယောက်စလုံး
မျက်ဝန်းတွေ ချွေးစို့ ခဲ့ရ........။
ရထား ဥသြ မဆွဲခင်
သံယောဇဉ်တွေ တလက်လက်
တောထနေတဲ့ ဘူတာရုံထဲ
လည်ပတ်ဆဲ့သွေးတွေမှာ......။
စိတ်မချတဲ့ အကြည့်ကိုယ်စီနဲ့ 
ဘယ်ဆီမှာမှန်းမသိတဲ့
အနာဂတ်ကို မျှော်လို့ .............။
ဝေးကွာသွားဖို့ 
မဖြစ်နိုင်တဲ့ စိတ်ချင်း
ရထားပြတင်းမှာ မှေးတင်မိကြ.........။
ဥသြဆွဲသံ
ပြန်လာလို့  မရတဲ့ ကျန်ခဲ့ခြင်းတွေ...
ဆက်ပြီး ရှင်သန်နေမယ်.. ကျန်နေခြင်းတွေ
ကျန်ခဲ့ပါတယ်... ။ ။
အောင်မင်းသူရဝေ)မန်းမြေ

Wednesday, 15 May 2013
ကံစေရာပဲ
ဘယ်အချိန်ကစလို့ 
ရစ်ဖွဲ့ ထားခဲ့မိမှန်း မသိလိုက်ဘူး
သတိရ မေ့မရရုံသက်သက်နဲ့ 
ငါ ကဗျာတွေ ရေးခဲ့တာ မဟုတ်ဘူး.
...ဟူး....
ပြောပြမတတ် ငုံထားမတတ်ရူးတယ်
အသံထွက်တိုင်း ဂီတ မဟုတ်သလို
အသံတိတ် ငိုကြွေးခြင်းကလဲ
သီချင်းဖြစ်နိုင်တယ်ဆိုတာ
အက်ကြောင်း လွဲနေတဲ့ လူသူကြား..
.......................................
အောင်မင်းသူ(ရဝေ)မန်းမြေ
ရစ်ဖွဲ့ ထားခဲ့မိမှန်း မသိလိုက်ဘူး
သတိရ မေ့မရရုံသက်သက်နဲ့ 
ငါ ကဗျာတွေ ရေးခဲ့တာ မဟုတ်ဘူး.
...ဟူး....
ပြောပြမတတ် ငုံထားမတတ်ရူးတယ်
အသံထွက်တိုင်း ဂီတ မဟုတ်သလို
အသံတိတ် ငိုကြွေးခြင်းကလဲ
သီချင်းဖြစ်နိုင်တယ်ဆိုတာ
အက်ကြောင်း လွဲနေတဲ့ လူသူကြား..
.......................................
အောင်မင်းသူ(ရဝေ)မန်းမြေ
ငါ့ဘ၀နဲ့  ငါသာရှိပါစေ
တိမ်တွေစုဝေးနေတာ အကြောင်းမဲ့မဟုတ်ဘူး
ငိုကြွေးဖို့  အားယူနေကြတာ....
မင်းကို ဖွင့်မပြောဖြစ်ခဲ့တာလဲ..
မချစ်မိခဲ့လို့ မဟုတ်ဘူး....
ငါ့ အချစ်တွေ
မင်း နှုတ်ဖျားမှာပဲ
သေဆုံး သွားမှာကြောက်လို့ ပါ....
နှုတ်ကပြောလိုက်တိုင်းသာ
စွမ်းနိုင်ခဲ့ရင် လွမ်းနေသူ
ဘယ်မှာ ရှိနိုင်တော့မှာလဲ....
အပျံသင်ဖို့ 
တောက်ပံ ခက်ချိန်မှ
ပြစ်ချခံလိုက်ရတဲ့ ဘဝ
ဘယ် ငှက်ကလေးမှ ရောက်ချင်ကြမယ်
မထင်ဘူး....
အောင်မင်းသူ(ရဝေ)မန်းမြေ
ငိုကြွေးဖို့  အားယူနေကြတာ....
မင်းကို ဖွင့်မပြောဖြစ်ခဲ့တာလဲ..
မချစ်မိခဲ့လို့ မဟုတ်ဘူး....
ငါ့ အချစ်တွေ
မင်း နှုတ်ဖျားမှာပဲ
သေဆုံး သွားမှာကြောက်လို့ ပါ....
နှုတ်ကပြောလိုက်တိုင်းသာ
စွမ်းနိုင်ခဲ့ရင် လွမ်းနေသူ
ဘယ်မှာ ရှိနိုင်တော့မှာလဲ....
အပျံသင်ဖို့ 
တောက်ပံ ခက်ချိန်မှ
ပြစ်ချခံလိုက်ရတဲ့ ဘဝ
ဘယ် ငှက်ကလေးမှ ရောက်ချင်ကြမယ်
မထင်ဘူး....
အောင်မင်းသူ(ရဝေ)မန်းမြေ
သိက္ခာ
ယဉ်ကျေးမှုတွေက
မျိုးမစစ်ချင်ကြတော့ဘူး
ရှက်တတ်ရင်
အသက်ထွက်လောက်တယ်
ဝတ်တာက တစ်ထွာ တမိုက်
မင်းကိုယ်မင်း မိုက်တယ်လို့ တော့
မထင်နဲ့ ...
စရိုက်တွေက ဈေးပေါ့လွန်းတယ်
ကျောချင်ရင် လွယ်လွယ်လေးပါ
ကြိုက်ဈေးက မနှိပ်သေးရင်
အထာလေးနဲ့  နေလိုက်အုံး
ငါ ၀တ်တာ အကောင်းစားတော့
မဟုတ်ဘူး
ရူးမယ်ဆိုရင် ရူးလို့ ရရဲ့ 
သိက္ခာ နဲ့  ရိက္ခာ
ဖောင်းပွနေတဲ့ အရောင်းအ၀ယ်
ခေတ်တွေ နှစ်တွေထဲ
အသစ်တွေက
တခစ်ခစ် ရယ်နေတယ်....
အောင်မင်းသူ(ရဝေ) မန်းမြေ
မျိုးမစစ်ချင်ကြတော့ဘူး
ရှက်တတ်ရင်
အသက်ထွက်လောက်တယ်
ဝတ်တာက တစ်ထွာ တမိုက်
မင်းကိုယ်မင်း မိုက်တယ်လို့ တော့
မထင်နဲ့ ...
စရိုက်တွေက ဈေးပေါ့လွန်းတယ်
ကျောချင်ရင် လွယ်လွယ်လေးပါ
ကြိုက်ဈေးက မနှိပ်သေးရင်
အထာလေးနဲ့  နေလိုက်အုံး
ငါ ၀တ်တာ အကောင်းစားတော့
မဟုတ်ဘူး
ရူးမယ်ဆိုရင် ရူးလို့ ရရဲ့ 
သိက္ခာ နဲ့  ရိက္ခာ
ဖောင်းပွနေတဲ့ အရောင်းအ၀ယ်
ခေတ်တွေ နှစ်တွေထဲ
အသစ်တွေက
တခစ်ခစ် ရယ်နေတယ်....
အောင်မင်းသူ(ရဝေ) မန်းမြေ
Sunday, 28 April 2013
ပိတောက်တွေ ပွင့်တိုင်း လွမ်းနေဆဲပါ ချစ်သူ
ရွှေမိုး တွေ ညိုကာမှိုင်း ပြီး
အုပ်အုပ်ဆိုင်းဆိုင်းဖြစ်နေတဲ့ အချိန်မှာ
ငါလေ နင့် ကို အရမ်း သတိရတာပဲ
ဖြစ်နိုင်ရင်လေ နင့် ဆီ ကို
အရောက်လာလိုက်ချင်လိုက်တာဟာ
ဒါပေမယ့်လေ. ငါ့ ဘ၀က ကိုယ်ဖြစ်ချင်တာထက်
လုပ်သင့်တာကို လုပ်နေရတာဆိုတော့
စိတ်ကသာ ရောက်ပြီး လူကတော့
မလာ နိုင်ဘူးပေါ့နော်
အိတ်ကပ် တစ်ခု လုံး ဖူးယောင်လို့
တောင်တောင်အီအီ အတွေးတွေထဲ
မငေးဘဲ မနေနိုင်တဲ့ အငေးတွေနဲ့ 
ရေကြည်ရာ မြတ်နုရာ ခြောက်ပေါက်စဉ်းစားရင်း
သုည ကစပြီး သုညမှာဆုံးတဲ့ သုည တလုံးလို
ဘယ်နေရာမှ ပုန်းလို့ မရအောင် ပုန်းစရာနေရာရှား
အခေါ်အဝေါ်မှာကင်း
ဝလုံး.. သုည..ဘဲဥ...ဇီးရိုး
အရိုးကွဲနေတဲ့ အကွဲရိုးတွေ တေ့ဆက်ထားသလို
ဒါစာ ခြောက်ရုပ်မဟုတ်တဲ့ စာခြောက်ရုပ်
ဆုတ်ဖြဲစရာသဲလွန်စ တစ်စမှမရှိတဲ့ အခါ
တဲထဲမှာ တွဲလွဲဆွဲနေတဲ့ ခြေတွဲလွဲခြင်း ခလုတ်တိုက်
မိုက်လိုက်တဲ့ ကဗျာ
အရက်နဲ့  ရိုက်ဖွင့်လည်း အလှရဲ့ သရုပ် အမှန်က အလှတရားပဲ...
ရာသီတွေ... နာရီတွေ .. ပြောင်းပြောင်း
စက္ကန့် တွေ မီနစ်တွေ ပျောက်ပျောက်
မေ့လို့  မရတဲ့ရင်ခွင်မှာ
ယနေ့တိုင် လွမ်းနေဆဲ ပေါ့ ချစ်သူ
မျက်ရည်မိုးတွေ ရွာသွန်းဖြိုးလို့ 
ပိတောက်ရွှေဝါတွေလည်း
နွမ်းခြောက်လို့ နေပေါ့
အလွမ်းကြောင့် ဖြစ်တဲ့ရင်ခွင်ဟာ
ပန်းတိုက်နွမ်းရိလို့ 
အဖော်ပြုစရာ အချစ်စံအိမ်လည်း
အိုမင်းယိုယွင်းလို့  ပျိုမျစ်ခြင်းတွေ
ပျောက်ကွယ်ကုန်ပြီချစ်သူ
လွမ်းတတ်တဲ့ နှလုံးသားဟာ
ကြိုးစားပြုံးပေမယ့်
အရှုံးသမား ငါ့ ကို အနိုင်ယူရက်စက်လည်း
မမုန်းတတ်တဲ့ အသည်းမှာ တမ်းတစိတ်တွေနဲ့ ပွေ့ဖက် ရင်း
ပိတောက်တွေ ပွင့်တိုင်း လွမ်းနေဆဲပါ
အုပ်အုပ်ဆိုင်းဆိုင်းဖြစ်နေတဲ့ အချိန်မှာ
ငါလေ နင့် ကို အရမ်း သတိရတာပဲ
ဖြစ်နိုင်ရင်လေ နင့် ဆီ ကို
အရောက်လာလိုက်ချင်လိုက်တာဟာ
ဒါပေမယ့်လေ. ငါ့ ဘ၀က ကိုယ်ဖြစ်ချင်တာထက်
လုပ်သင့်တာကို လုပ်နေရတာဆိုတော့
စိတ်ကသာ ရောက်ပြီး လူကတော့
မလာ နိုင်ဘူးပေါ့နော်
အိတ်ကပ် တစ်ခု လုံး ဖူးယောင်လို့
တောင်တောင်အီအီ အတွေးတွေထဲ
မငေးဘဲ မနေနိုင်တဲ့ အငေးတွေနဲ့ 
ရေကြည်ရာ မြတ်နုရာ ခြောက်ပေါက်စဉ်းစားရင်း
သုည ကစပြီး သုညမှာဆုံးတဲ့ သုည တလုံးလို
ဘယ်နေရာမှ ပုန်းလို့ မရအောင် ပုန်းစရာနေရာရှား
အခေါ်အဝေါ်မှာကင်း
ဝလုံး.. သုည..ဘဲဥ...ဇီးရိုး
အရိုးကွဲနေတဲ့ အကွဲရိုးတွေ တေ့ဆက်ထားသလို
ဒါစာ ခြောက်ရုပ်မဟုတ်တဲ့ စာခြောက်ရုပ်
ဆုတ်ဖြဲစရာသဲလွန်စ တစ်စမှမရှိတဲ့ အခါ
တဲထဲမှာ တွဲလွဲဆွဲနေတဲ့ ခြေတွဲလွဲခြင်း ခလုတ်တိုက်
မိုက်လိုက်တဲ့ ကဗျာ
အရက်နဲ့  ရိုက်ဖွင့်လည်း အလှရဲ့ သရုပ် အမှန်က အလှတရားပဲ...
ရာသီတွေ... နာရီတွေ .. ပြောင်းပြောင်း
စက္ကန့် တွေ မီနစ်တွေ ပျောက်ပျောက်
မေ့လို့  မရတဲ့ရင်ခွင်မှာ
ယနေ့တိုင် လွမ်းနေဆဲ ပေါ့ ချစ်သူ
မျက်ရည်မိုးတွေ ရွာသွန်းဖြိုးလို့ 
ပိတောက်ရွှေဝါတွေလည်း
နွမ်းခြောက်လို့ နေပေါ့
အလွမ်းကြောင့် ဖြစ်တဲ့ရင်ခွင်ဟာ
ပန်းတိုက်နွမ်းရိလို့ 
အဖော်ပြုစရာ အချစ်စံအိမ်လည်း
အိုမင်းယိုယွင်းလို့  ပျိုမျစ်ခြင်းတွေ
ပျောက်ကွယ်ကုန်ပြီချစ်သူ
လွမ်းတတ်တဲ့ နှလုံးသားဟာ
ကြိုးစားပြုံးပေမယ့်
အရှုံးသမား ငါ့ ကို အနိုင်ယူရက်စက်လည်း
မမုန်းတတ်တဲ့ အသည်းမှာ တမ်းတစိတ်တွေနဲ့ ပွေ့ဖက် ရင်း
ပိတောက်တွေ ပွင့်တိုင်း လွမ်းနေဆဲပါ
ကဗျာလမင်း
ဂျပန်ပြည် အိုဆာကာမြို့ရဲ့
တာကာရာဇူးကားအဖွဲ့ သဘင်
ကချေသည် မိန်းမပျိုများစုံညီ
အပျိုစင်ချောချောလေးတွေရဲ့
အလွန်မြိုင်ဆိုင်လှတဲ့ အကအလှ
တီးလုံးတီးကွက်တွေကလည်း
အနုပညာဆန်ဆန်....။
ရုရှားပြည် မော်စကိုမြို့ ရဲ့
အလွန်သိမ်မွေ့ ပျော့ပျောင်းလှတဲ့
ဘဲကလေး အကပညာရှင်တွေကလည်း
သူတို့ ရဲ့ သီးခြားမူပိုင်
အကအလှ ဂီတတွေနဲ့
ခြိမ့်ခြိမ့်သဲသဲ သဘင်ပွဲ
ဆင်နွှဲနေကြပြီပေါ့.....။
ဟန်ဆောင် မျက်နှာ ဖုံးကို ဖုံးအုပ်
ဝမ်းသာနေချင် သယောင်ယောင်
အလင်းရောင်ဝတ်ရုံကိုဝတ်ဆင်ပြီး.
ကမ္ဘာကြီးကို လွှမ်းခြုံ ထားရင်ပေါ့....။
ရင်သပ် ရှုမောအံ့သြလို့  မဆုံးနိုင်ပါဘူးကွယ်
တစ်လောကလုံး တစ်ကမ္ဘာလုံးကို
ဖြန့်ဖြူးပက်ဖျန်း ပေးနေလိုက်တာ
မွှေးမွှေးကြီးကြိုင်
တလှိုင်လှိုင်နဲ့  စက္ကန့် တွေမလစ်စေပဲပေါ့
ကြိုးမဲ့ဂစ်တာကလေးလည်း
ဂီတသံစဉ် ဂီတလှိုင်းတွေကလည်း
မြန်မာဆန်ဆန် ချိုချိုမြမြ
ဝဲပျံလို့  လာကြပြီ........။
ရင်တမမနဲ့  လှပ၀ိုင်းစက်ပြီး
လှချင်တိုင်း လှနေတဲ့
ကဗျာလမင်းတစ်စင်းကတော့
ထက်ကောင်းကင်ဝယ်
မှိုင်းပြာပြာစင်
အေးချမ်းကြည်သာ တင့်တယ်လို့ နေနေလေရဲ့..........။
အောင်မင်းသူ(ရဝေ)မန်းမြေ
တာကာရာဇူးကားအဖွဲ့ သဘင်
ကချေသည် မိန်းမပျိုများစုံညီ
အပျိုစင်ချောချောလေးတွေရဲ့
အလွန်မြိုင်ဆိုင်လှတဲ့ အကအလှ
တီးလုံးတီးကွက်တွေကလည်း
အနုပညာဆန်ဆန်....။
ရုရှားပြည် မော်စကိုမြို့ ရဲ့
အလွန်သိမ်မွေ့ ပျော့ပျောင်းလှတဲ့
ဘဲကလေး အကပညာရှင်တွေကလည်း
သူတို့ ရဲ့ သီးခြားမူပိုင်
အကအလှ ဂီတတွေနဲ့
ခြိမ့်ခြိမ့်သဲသဲ သဘင်ပွဲ
ဆင်နွှဲနေကြပြီပေါ့.....။
ဟန်ဆောင် မျက်နှာ ဖုံးကို ဖုံးအုပ်
ဝမ်းသာနေချင် သယောင်ယောင်
အလင်းရောင်ဝတ်ရုံကိုဝတ်ဆင်ပြီး.
ကမ္ဘာကြီးကို လွှမ်းခြုံ ထားရင်ပေါ့....။
ရင်သပ် ရှုမောအံ့သြလို့  မဆုံးနိုင်ပါဘူးကွယ်
တစ်လောကလုံး တစ်ကမ္ဘာလုံးကို
ဖြန့်ဖြူးပက်ဖျန်း ပေးနေလိုက်တာ
မွှေးမွှေးကြီးကြိုင်
တလှိုင်လှိုင်နဲ့  စက္ကန့် တွေမလစ်စေပဲပေါ့
ကြိုးမဲ့ဂစ်တာကလေးလည်း
ဂီတသံစဉ် ဂီတလှိုင်းတွေကလည်း
မြန်မာဆန်ဆန် ချိုချိုမြမြ
ဝဲပျံလို့  လာကြပြီ........။
ရင်တမမနဲ့  လှပ၀ိုင်းစက်ပြီး
လှချင်တိုင်း လှနေတဲ့
ကဗျာလမင်းတစ်စင်းကတော့
ထက်ကောင်းကင်ဝယ်
မှိုင်းပြာပြာစင်
အေးချမ်းကြည်သာ တင့်တယ်လို့ နေနေလေရဲ့..........။
အောင်မင်းသူ(ရဝေ)မန်းမြေ
Friday, 19 April 2013
အတိတ်ပုံရိပ်ကလေး
ပျော်ရွှင်ခဲ့တဲ့ ငါ့ကမ္ဘာလေး..
ပျောက်ဆုံးသွားတာ ကြာပါပြီ..။
သာယာခဲ့တဲ့ ငါ့ရဲ့စိတ်ကလေး
လေလွင့်သွားတာ ကြာပါပြီ.။
ကြည်နူးခဲ့တဲ့ ငါ့ ပီတိတွေ
ပျက်စီးသွားတာ ကြာပါပြီ.။
ပုံဖော်ခဲ့တဲ့ ငါ့အိမ်မက်ကလေး
ကျိုးပဲ့သွားတာ ကြာပါပြီ.။
အခုတော့လဲလေ.
ရင်ထဲက ခံစားချက်တွေ..
ထာဝရ .... ကျန်ရစ်ခဲ့ပေါ့..။ ။
အောင်မင်းသူ(ရဝေ)မန်းမြေ
ပျောက်ဆုံးသွားတာ ကြာပါပြီ..။
သာယာခဲ့တဲ့ ငါ့ရဲ့စိတ်ကလေး
လေလွင့်သွားတာ ကြာပါပြီ.။
ကြည်နူးခဲ့တဲ့ ငါ့ ပီတိတွေ
ပျက်စီးသွားတာ ကြာပါပြီ.။
ပုံဖော်ခဲ့တဲ့ ငါ့အိမ်မက်ကလေး
ကျိုးပဲ့သွားတာ ကြာပါပြီ.။
အခုတော့လဲလေ.
ရင်ထဲက ခံစားချက်တွေ..
ထာဝရ .... ကျန်ရစ်ခဲ့ပေါ့..။ ။
အောင်မင်းသူ(ရဝေ)မန်းမြေ
ချစ်သူ သိပါစေ
မတွေ့ ရတာ
ရက်တွေကြာလို့ 
လွမ်းသည့် စိတ်စဉ်
လွမ်းစိတ်ဝင်တော့
လွမ်းသည့်စာသား
လွမ်းစာများကို
ကိုလေခါခါ... ရေးမိတယ်...။
လွမ်းရလေတိုင်း
မျက်ရည်ဝိုင်းရျွ်
ချစ်အားငယ်စိတ်
သိပ်သိုဖိတ်တော့
ချစ်ခွင့်ပန်ရန်
ကိုယ်. ၀န်လေးတယ်
တကယ်လို့ များ
ကိုယ်ချစ်နေတာ
မင်းလေးသိရင်
ကိုယ်ကျေနပ်တယ်
အချစ်လေးရယ်..။ ။
အောင်မင်းသူ(ရဝေ)မန်းမြေ
ရက်တွေကြာလို့ 
လွမ်းသည့် စိတ်စဉ်
လွမ်းစိတ်ဝင်တော့
လွမ်းသည့်စာသား
လွမ်းစာများကို
ကိုလေခါခါ... ရေးမိတယ်...။
လွမ်းရလေတိုင်း
မျက်ရည်ဝိုင်းရျွ်
ချစ်အားငယ်စိတ်
သိပ်သိုဖိတ်တော့
ချစ်ခွင့်ပန်ရန်
ကိုယ်. ၀န်လေးတယ်
တကယ်လို့ များ
ကိုယ်ချစ်နေတာ
မင်းလေးသိရင်
ကိုယ်ကျေနပ်တယ်
အချစ်လေးရယ်..။ ။
အောင်မင်းသူ(ရဝေ)မန်းမြေ
Monday, 15 April 2013
“ ကွပ်လပ်”
“ ကွပ်လပ်”
မင်း ကို မတွေ့ ရတဲ့နေ့ 
မင်း မရှိတဲ့ ရက်များဟာ
ငါ့ အတွက် ကွပ်လပ် တစ်ခုပါ
ယုံကြည်ပါ
ခင်မင်းရင်းနှီးမှု့ကစပြီး
ချစ်သူတွေဖြစ်ကြတဲ့အထိ
ရင်ထဲက စေညွန်းရာက
တစ်နယ်စီမဝေးကြဖိုလေ
မင်းလိုက်ရောမယ်ဆိုရင်ပေါ့
တစ်ယောက် နဲ့  တစ်ယောက် ကြည်ဖြူ
ထိမ်းမြှားလက်ထပ်ယူပြီး “ ကွပ်လပ် ”တစ်ခုကို
ဖြည့် လိုက် ကြ စို့ လား. ချစ်သူ
မင်း ကို မတွေ့ ရတဲ့နေ့ 
မင်း မရှိတဲ့ ရက်များဟာ
ငါ့ အတွက် ကွပ်လပ် တစ်ခုပါ
ယုံကြည်ပါ
ခင်မင်းရင်းနှီးမှု့ကစပြီး
ချစ်သူတွေဖြစ်ကြတဲ့အထိ
ရင်ထဲက စေညွန်းရာက
တစ်နယ်စီမဝေးကြဖိုလေ
မင်းလိုက်ရောမယ်ဆိုရင်ပေါ့
တစ်ယောက် နဲ့  တစ်ယောက် ကြည်ဖြူ
ထိမ်းမြှားလက်ထပ်ယူပြီး “ ကွပ်လပ် ”တစ်ခုကို
ဖြည့် လိုက် ကြ စို့ လား. ချစ်သူ
Friday, 12 April 2013
ထာဝရ(1.2)
ထာဝရ(1)
ဘယ်တော့မှ မမုန်းဘူး
ခိုင်မာတဲ့ မေတ္တာတွေနဲ့ 
တည်ဆောက်ခဲ့တဲ့ ငါ့ရဲ့အချစ်
လေနှင်တိုင်း လွင့်စေတဲ့
တိမ်တိုက်မှ မဟုတ်တာ....
ဘယ်တော့မှ မပြောနဲ့ 
သမုဒယတွေ အထပ်ထပ်
ရစ်ပတ်ထားတဲ့ ငါ့အချစ်
လန့် နိုးပြီးပျောက်ပျက်သွားတတ်တဲ့
အိပ်မက်မှ မဟုတ်တာ......
ဘယ်တော့မှ မမေ့ဘူး
နှလုံးသားရဲ့ နရံအပြည့်
ရေးထိုးထားတဲ့ နင့်နာမည်.
မလိုချင်တိုင်း ဖျတ်လို့ ရတဲ့
ခဲသားနဲ့ ရေးခြစ်ထားတာမှ မဟုတ်တာ.....
ဖြူစင်တဲ့ မေတ္တာ
ခိုင်မာတဲ့ သစ္စာ
တသက်စာ သမုဒယတွေနဲ့ 
ဖွဲ့ စည်းထားတဲ့ ငါ့အချစ်
ရက်စက်မှု့တွေ နင်ပေးလည်း
အသက်ရှူမှု့တွေ နိဂုံးမချုပ်သေးသရျွ်
ငါ့ နင့် ကို မမုန်းမမေ့
ဆက်ချစ်နေဦးမယ်...
ထာဝရ(2)
နှလုံးသားရဲ့ မျှော်လင့်ချက်တွေ
လွယ်ကူစွာ မသေဆုံးစေဖို့ 
ငါ့ရဲ့...ရင်ခုန်သံတွေကို
စက္ကန့် မလပ် လှုပ်နိုးခဲ့တယ်...
ဝေးကွာမှု့တွေ ဖန်တီးသွားတဲ့
ကံကြမ္မာကို နာကျင်မိတိုင်း
အတိတ်ပုံရိပ်တွေ ထိုးစွကာ
အမှတ်တရ အချို့ ချို့ ကို
အသက် .. သွင်းပြီး
အလွမ်းတွေကို နှစ်သိမ့်ခဲ့တယ်.
အပြင်းထန်ဆုံး..လွမ်းမောချိန်တွေဆို
နင့်ကို တွေ့ နေကြဖြစ်တဲ့
နေရာဟောင်းလေးဆီ
ငါ့အမြဲသွားပြီး
ပြန်လာမှာပါဆိုတဲ့
မျှော်လင့်ချက်ကလေးနဲ့ 
ငါ ထိုင်ငေးနေမိတယ်...
တကယ်ပါ
ဘယ်သောအခါမှ မပြောင်းလဲမယ့်
မေတ္တာစစ်တွေကို
သစ္စာတရားတွေနဲ့  မွန်းမံပြီး
နင့် ကို ငါ
ချစ်ခဲ့တယ်ဆိုတာယုံပါ...။
1။ချစ်သူဆိုတာ မြှားနတ်မောင် ပေးတတ်တဲ့ လက်ဆောင်.........
2။သူငယ်ချင်းဆိုတာတော့ ဘုရားရှင်ပေးတတ်တဲ့ လက်ဆောင်....
မြှားနတ်မောင် ပေးတဲ့ လက်ဆောင်ကိုယ်တော့ ငြင်ပယ်လို့ ရချင်ရမယ်
ဘုရားရှင်ပေးတဲ့ လက်ဆောင် ကိုယ်တော့
ဘယ်တော့မှ မပယ်ဖြတ်ချင်သူလေး........
အောင်မင်းသူ(ရဝေ)မန်းမြေ
“ ကျိန်စာသင့် နှလုံးသား.”

“ ကျိန်စာသင့် နှလုံးသား.”
အချစ်တစ်ခုနဲ့  တည်ဆောက်ထားတဲ့
ငါ့ ရင်ခွင်
ကန္တာရ လွင်ပြင်မဟုတ်ဘူး...။
မင်းရင်ခွင်ထက်မှာ တခဏမှေးစက်ဖို့ 
ပေးဆပ်စရာ ငါ့မှာ..
ဘာကျန်သေးလို့ လဲ..
ငါ့ ကမ္ဘာအိုဟောင်းထဲ
လမင်းလဲမသာ ကြယ်စင်လဲမခ.
စိတ္တဇညတွေမှာပဲ
ငါ နားခိုနေခဲ့ရတာပါ..
လှပ၀ိုင်းစက်တဲ့.. မျက်ဝန်းတစ်စုံ.
ဖက်ဖူးရောင် နှုတ်ခမ်းကနေ
ပစ်လွင့်လိုက်တဲ့ အပြုံးတစ်ခု
လှပမှု့တွေနဲ့  ဖွဲ့ စုထားတဲ့မင်း..
ငါ့ အတွက်တော့
စုတ်ချက်ပြင်းတဲ့
နတ်ပန်းချီကား တစ်ချပ်ပါပဲ.
တကယ်ဆို ငါဟာ
အချစ်ဆူးတွေ ဆူးခဲ့လို့ 
“................................”
အောင်မင်းသူ(ရဝေ)မန်းမြေ
ဘ၀ နဲ့ ရင်းရျွ်
အတိတ်ဘ၀အဆက်ဆက်
ကျိန်စာမိခဲ့တဲ့..
ငါ့ ရဲ့ရင်ခွင်ဟာ
နင် တစ်ယောက်အတွက်တော့
နွေးထွေးမှု့ ရှိပါသေးတယ်........
လောကဓံ အပူလှိုင်းနဲ့ ..
ဒုက္ခ လှံသွားတွေ....
နင့် အပေါ် မကျရောက်အောင်..
ငါ့ ရင်ခွင်တစ်စုံနဲ့ 
လုံခြုံစွာ အုပ်မိုးသွားမှာပါ...
ဂုဏ်ပကာသနဆိုတဲ့......
ခြားနားမှု့ အဆင့်အတန်းတွေ
အများထက်မသာခဲ့ရင်တောင်
တန်းတူဆိုတဲ့..ညီမျှခြင်းတွေ
စိုက်ထူနိုင်အောင်
ငါကြိုးစားသွားမှာပါ..
နင်မယုံရင်
ငါ့ရင်ထဲကို ၀င်ကြည့်လိုက်..
ခွဲခွာရတဲ့ အခိုက်..
နင့် ရင်ထဲက
မောဟိုက်မှု့တွေ မှန်သမျှ...
ပြေလျော့သွားစေရမယ်...............။
အောင်မင်းသူ(ရဝေ)မန်းမြေ..
ရည်ရွယ်သူလေး..သို့ 
ရည်ရွယ်သူလေး..သို့ 
ချစ်သူမဖြစ်ခဲ့တဲ့ တို့ နှစ်ယောက်
သူငယ်ချင်းအဆင့်ထက် ပိုခဲ့တယ် ဆိုတာ
နင်ရော ငါ ရော ငြင်းနိုင်မလားကွယ်
အဖြူရောင်လို့  ထင်ခဲ့ရတဲ့ သံယောဇဉ်
ကြိုးတံတားလေး ပေါ်မှာ
ခရမ်းရောင်တွေ လွှမ်းမိုးခဲ့တာကို
သတိမထားမိခဲ့တဲ့...ငါ
ခြောက်သွေ့ အက်ရှတဲ့ ရယ်သံတွေကြားမှာ
ခံစားချက်တွေကို မျိုသိပ်ခဲ့ရတယ်..
လောကကြီးက သတ်မှတ်ထားတဲ့
စည်းအထပ်ထပ်တွေကြားမှာ
နီးစပ်ဖို့  မဖြစ်နိုင်ခဲ့တဲ့ တို့ နှစ်ယောက်
ချစ်ခြင်းတွေ ဖုံးကွယ်
ဟန်ဆောင်အပြုံးတွေနဲ့  အားတင်းကာ
နောက်ဆုံး နှုတ်ဆက်ပြုံးလျက်ပါ....ရည်ရွယ်သူ.........။
အောင်မင်းသူ(ရဝေ)မန်းမြေ
ချစ်သူမဖြစ်ခဲ့တဲ့ တို့ နှစ်ယောက်
သူငယ်ချင်းအဆင့်ထက် ပိုခဲ့တယ် ဆိုတာ
နင်ရော ငါ ရော ငြင်းနိုင်မလားကွယ်
အဖြူရောင်လို့  ထင်ခဲ့ရတဲ့ သံယောဇဉ်
ကြိုးတံတားလေး ပေါ်မှာ
ခရမ်းရောင်တွေ လွှမ်းမိုးခဲ့တာကို
သတိမထားမိခဲ့တဲ့...ငါ
ခြောက်သွေ့ အက်ရှတဲ့ ရယ်သံတွေကြားမှာ
ခံစားချက်တွေကို မျိုသိပ်ခဲ့ရတယ်..
လောကကြီးက သတ်မှတ်ထားတဲ့
စည်းအထပ်ထပ်တွေကြားမှာ
နီးစပ်ဖို့  မဖြစ်နိုင်ခဲ့တဲ့ တို့ နှစ်ယောက်
ချစ်ခြင်းတွေ ဖုံးကွယ်
ဟန်ဆောင်အပြုံးတွေနဲ့  အားတင်းကာ
နောက်ဆုံး နှုတ်ဆက်ပြုံးလျက်ပါ....ရည်ရွယ်သူ.........။
အောင်မင်းသူ(ရဝေ)မန်းမြေ
အဆုံးမဲ့...အလွမ်း..
အဆုံးမဲ့...အလွမ်း..
ဝင်ခွင့် မရှိမှန်း သိခဲ့ရင်
ပွင့်ရုံလောက်နဲ့ ဒီတံခါး ငါ..ဘယ်တော့မှ မခေါက်ဘူး...........။
အဆုံးထိသွားခွင့် မရှိမှန်း သိခဲ့ရင်.
တစ်ဝက်လောက်နဲ့  ဒီလမ်း ငါ...ဘယ်တော့မှ မလျှောက်ဘူး..။
ထိပ်ဆုံးထိရောက်ခွင့် မရှိမှန်း သိခဲ့ရင်.
မြင်ရုံလောက်နဲ့  ဒီလှေကား..ငါ..ဘယ်တော့ မှ မတတ်ဘူး...။
ဒါပေမယ့်လည်းကွယ်
အရာရာကို ကြိုသိခွင့် မရှိခဲ့တော့............
လမ်းနဲ့  လှေကား အကြောင်းတွေးရင်း
နာကျင် ကြေကွဲ ရပ်တန့် နေရုံသာ...........။
အောင်မင်းသူ(ရဝေ)မန်းမြေ
ဝင်ခွင့် မရှိမှန်း သိခဲ့ရင်
ပွင့်ရုံလောက်နဲ့ ဒီတံခါး ငါ..ဘယ်တော့မှ မခေါက်ဘူး...........။
အဆုံးထိသွားခွင့် မရှိမှန်း သိခဲ့ရင်.
တစ်ဝက်လောက်နဲ့  ဒီလမ်း ငါ...ဘယ်တော့မှ မလျှောက်ဘူး..။
ထိပ်ဆုံးထိရောက်ခွင့် မရှိမှန်း သိခဲ့ရင်.
မြင်ရုံလောက်နဲ့  ဒီလှေကား..ငါ..ဘယ်တော့ မှ မတတ်ဘူး...။
ဒါပေမယ့်လည်းကွယ်
အရာရာကို ကြိုသိခွင့် မရှိခဲ့တော့............
လမ်းနဲ့  လှေကား အကြောင်းတွေးရင်း
နာကျင် ကြေကွဲ ရပ်တန့် နေရုံသာ...........။
အောင်မင်းသူ(ရဝေ)မန်းမြေ
Subscribe to:
Posts (Atom)