Thursday 11 April 2013

ရင်နန်းစံ ထိပ်ထား..သို့

ရင်နန်းစံ ထိပ်ထား..သို့

နက္ခတ်တာရာ
ကြယ်စုံစွာဖြင့်
နန်းမြင့် ခြံရံ
ကောင်းကင်ယံမှာ
သူသာကညာ
ဧကရီမို့.......။

လှမာန်ဝင့်ဖြိုး
လှတန်ခိုးနှင့်
လှတိုးဝင့်ကြွယ်
လှနယ်ပယ်မှာ
သူသာကညာ
ဧကရီမို့.......။

သူမကြင်နာ
ရက်ဆက်ခွာရျွ်
ပုန်းကာသွက်ခိုက်
လမိုက်မိုက်မှာ
သူသာ ကညာ
ဧကရီ မို့..........။

လွမ်းညတွေမှာ
လွမ်းမောစွာဖြင့်
လွမ်းလင့်မျှော်မှန်း
လွမ်းဇာတ်လမ်းတွင်
သူပင် ကညာ
ဧကရီ.မို့...။  ။
          
  အောင်မင်းသူ(ရဝေ)မန်းမြေ

No comments:

Post a Comment