Thursday 11 April 2013

သူငယ်ချင်း



   သူငယ်ချင်း

ခွဲခြားမရတဲ့ ခင်မင်မှုတွေနှင့်.

အရာရာမှာ ထပ်တူကျနေတဲ့

မောင်နှမ အရင်းချားတွေလို

ရှိအတူ မရှိအတူ

ဆိုးတူကောင်းဖတ်

သာမန်ထက်ပိုတဲ့ ရင်တွင်း

သံယောဉ်တွေနှင့်

ကြေကွဲမှု့တွေ အတွက်

ရင်ငွေ့  လှုံခွင့်ပေးခဲ့သူ.

အောင်မြင်မှုတွေ အတွက်

ဝမ်းမြောက် ဂုဏ်ယူတတ်ခဲ့သူ

ရှုံးနိမ့်မှု့တွေအတွက်

အားပေး ဖေးမပေးခဲ့သူ

ဝမ်းနည်း မျက်ရည်စက်တွေ အတွက်

ကြယ်ကလေးတွေ ဖန်ဆင်းပေးခဲ့သူ

အခက်အခဲတွေ ကြားထဲမှာ

တိုက်ပွဲ အတူ ၀င်ခဲ့ကြတဲ့

သမိုင်းဝင် သူရဲကောင်းတွေလို

ရဲဘော် ရဲဘက် စိတ်ဓာတ်မျိုးနှင့်

အနာဂါတ်ရဲ့ အောင်ပန်းတွေကို

ဆက်လက် အရယူကြမယ်......။

   ကြိုစားစို့ ...သူငယ်ချင်း.......။
       
              

No comments:

Post a Comment