Monday 13 January 2014

ကံစီမံရာ

 ကံစီမံရာ
=====

ပန်းပွင့် မြင်တိုင်းလည်း
ငါ မနမ်းခဲ့သလို
ပန်းပွင့်တွေ့တိုင်းလည်း
ငါ မခူးဆွတ်ခဲ့ပါဘူး
သဘာဝ တရားရဲ့
အလေ့ကျ ဖြစ်ပေါ်မှု ကို
ဆန့် ကျင်ဘက်အရာတွေနဲ့ 
ငါ မတိုက်ခိုက်ခဲ့ပါဘူး
ကံကြမ္မာရဲ့ ညီမျှတဲ့
ပေးစွမ်းနိုင်မှုအပေါ်
လိုသည်ထက်ပိုလွန်မှု
ငါ မတောင်းဆိုခဲ့ပါဘူး...
အချစ်ဆိုတဲ့ အရာအတွက်
တုန့်ပြန်မှုတွေရရှိအောင်
ပိုလွန်တဲ့ မာယာတွေလည်း
ငါ အသုံးမပြုခဲ့ပါဘူး....
ဒါကြောင့်ပဲ ဖြစ်မှာပါ
အလျားအနံကင်းမဲ့တဲ့
မေတ္တာလွင်ပြင်မှာ
သံယောဇဉ် နွယ်ပင်တွေ
ငါ့ အတွက်
မရှင်သန်တော့ဘူးလေ. . .  ။     ။
                     

                                 ညီဆူးသစ်

No comments:

Post a Comment