Monday 13 January 2014

လမင်း၏ အားနည်းချက်

   လမင်း၏ အားနည်းချက်
  =============


လမင်းကများ ရှောင်ပုန်းတာလား..
တိမ်တွေကများ လိုက်ဖုံးတာလား..
ဒီပုစ္ဆာအဖြေကို တွက်စရင်း
ပျောက်ဆုံးသွားတဲ့ အလင်းစက်က
ညဥ့်နက်ကို လှည့်စားခဲ့
နဲ့ သွားတဲ့ မျှော်လင့်ချက်အတွက်
ဖြေသိမ့်မှုနဲ့ ကြားခံထား
အမှားအမှန်များနဲ့  ရေတွက်ရင်း
နံနက်ခင်းရဲ့ အလင်းစက်ကြောင့်
နှင်းပေါက်တို့  ပျောက်ပျက်
ရောက်လက်စ အခန်းကို အနားသတ်ပေးရင်း
ဖတ်လက်စ အခန်း ပြန်အဖွင့်မှာ
အဖြေက တပ်အပ်တွေ့ တယ်
လမင်းမှာ အားနည်းနေလို့ တဲ့လေ...။       ။
                         
                          
                            ညီဆူးသစ်

No comments:

Post a Comment